တမ္ပဒီပ (ခေါ်) ပုဂံဟာဆိုရင် မြန်မာလူမျိုးတို့အတွက် အမျိုးသားရေးလက္ခဏာတစ်ရပ်ဖြစ်သလို များပြားလှတဲ့ ရှေးဟောင်းလက်ရာ စေတီပုထိုးတွေကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ကမ္ဘာကျော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ယူနက်စကိုမှ “ကမ္ဘာ့အမွေအနှစ်နေရာ” အဖြစ်သတ်မှတ်ခြင်းကိုခံထားရတဲ့ အဆိုပါပုဂံဒေသမှ နာမည်ကြီးဘုရားတွေရဲ့ နောက်ခံရာဇဝင်သမိုင်းကြောင်းကိုတော့ Z-Lann ကနေ “ကျောက်စာချပ်တွေက ပြောတဲ့ ပုဂံဘုရားများ” ဆိုတဲ့ အစီအစဉ်နဲ့ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
Listen
တစ်ချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ တခမ်းတနား စံမြန်းအုပ်စိုးခဲ့ကြဖူးတဲ့ နိုင်ငံအသီးသီးမှာ ရှေးခေတ်ဘုရင်တွေ အခိုင်အမာတည်ဆောက်ခဲ့ကြတဲ့ နန်းတော်ကြီးတွေရှိကြပါတယ်။ ဒီနေ့အချိန်ထိ ဘုရင်စနစ်ကိုလက်ခံကျင့်သုံးနေကြတဲ့ တချို့နိုင်ငံတွေမှာဆိုရင် ဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုတွေဟာ အဆိုပါနန်းတော်ကြီးတွေမှာနေထိုင်ကြလျက်ရှိပြီး ဘုရင်စနစ်ဖျက်သိမ်းထားတဲ့ နိုင်ငံတွေမှာဆိုရင်တော့ အဲဒီလိုနန်းတော်ကြီးတွေကို နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဂရုတစိုက်ထိန်းသိမ်းထားလျက်ရှိနေတာကိုတွေ့ရပါတယ်။ ကမ္လာတစ်ဝှမ်းမှ ဒီလိုကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်ကြီးတွေရဲ့ အကြောင်းကိုတော့ Z-Lann ကနေတင်ဆက်ပေးထားတဲ့ “ဂန္ထဝင်နန်းတော်များ” ဆိုတဲ့ကဏ္ဍလေးမှာ နားဆင်ခံစားနိုင်ပါတယ်။
Listen
ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ဂုဏ်သတင်းကျော်ဇောလိုမှု၊ အနိုင်ယူရန်လိုမှု၊ နယ်မြေချဲ့ထွင်လိုမှုနဲ့ မိမိပိုင်နက်၊နယ်မြေထိန်းသိမ်းလိုမှုတွေကြောင့် စစ်ပွဲတွေအလီလီဖြစ်ပွားခဲ့ပြီး စစ်ရေးအရ သူရဲကောင်းတွေလည်းများစွာ ပေါ်ထွန်းခဲ့ပါတယ်။ ဒီလိုစစ်ပွဲတွေထဲက အားကျအတုယူစရာ သူရဲကောင်းတွေရဲ့အကြောင်းကိုတော့ Z-Lann ကနေ “ထင်ရှားကျော်ကြား တိုက်ပွဲအတွင်းက ပုဂ္ဂိုလ်များ” ဆိုတဲ့ အစီအစဉ်လေးတစ်ခုနဲ့အတူ တင်ဆက်ပေးလိုက်ပါတယ်။
Listen
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ကတော့ ဇာတ်တော်ကြီးဆယ်ဘွဲ့ဆိုတဲ့ နာမည်ကို ကောင်းစွာရင်းနှီးထားကြမှာပါ။ ဒါပေမဲ့ အဲဒီဇာတ်တော်ကြီးဆယ်ဘွဲ့ဆိုတာက ဘာလဲ၊ ဘယ်လိုဇာတ်တော်မျိုးတွေပါဝင်နေတယ်ဆိုတာကိုတော့ အနည်းငယ် ဇဝေဇဝါဖြစ်မယ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် မသိရှိသေးတဲ့သူတွေ သိရှိမှတ်သားနိုင်ပြီး၊ သိရှိပြီးသားသူတွေလည်း ထပ်မံနားသောတဆင်စေရန်အလို့ငှာ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဘုရားဖြစ်ဖို့အတွက်ကျင့်ကြံတော်မူခဲ့တဲ့ ဘ၀များစွာထဲမှ ပါရမီရင့်သန်စွာဖြစ်ခဲ့တဲ့ ဆယ်ဘ၀ဖြစ်စဉ် “ဇာတ်ကြီးဆယ်ဘွဲ့” အကြောင်းကို Z-Lann ကနေ ပူဇော်တင်ဆက်ပေးလိုက်ပါတယ်။
Listen