YGN 96.1 MDY 96.5 NPT 96.7

Back to News

World News September 9, 2026

China and Myanmar Launch “Science Club” and “Deep Blue Heartbeat” Youth Initiatives in Yangon

“Science Club” လှုပ်ရှားမှုနှင့်နက်ပြာရောင် ရင်ခုန်သံပူးပေါင်းဖန်တီးမှုများ စုစည်းမှု စတင်ခြင်းအခမ်းအနားကို တရုတ်မြန်မာ ပူးပေါင်းကျင်းပ

China Media Group (CMG) နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်း (ELBC) တို့ ပူးပေါင်းကျင်းပတဲ့ “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု စတင်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အဆိုပါ သိပ္ပံနည်းပညာစူးစမ်းလေ့လာမှု အခမ်းအနားကြီးမှာ အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

 

“Science Club” က လူငယ်များရဲ့ သိပ္ပံပညာရပ်အပေါ် စိတ်ဝင်စားမှုကို နှိုးဆွပေးခြင်း

“Science Club” ဆိုတာ China Media Group (CMG) က မကြာသေးမီနှစ်များအတွင်း အထူးဖန်တီးထားတဲ့ လူငယ်ဆိုင်ရာ သိပ္ပံအသိပညာပေး ကူးလူးဖလှယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ လူငယ်များရဲ့ သိပ္ပံနည်းပညာဆိုင်ရာ အရည်အသွေးကို မြှင့်တင်ရန်၊ သိပ္ပံမျိုးစေ့များ ကြဲချပေးရန်၊ တီထွင်ဖန်တီးလိုစိတ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပါတယ်။ အခမ်းအနားမှာ CMG က တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်နဲ့ ပူးပေါင်းပြီး “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ “Science Club” လမ်းကြောင်းမှတစ်ဆင့် မြန်မာလူငယ်များအတွက် တီထွင်ဖန်တီးမှုစွမ်းရည်များကို ပြသနိုင်တဲ့၊ နိုင်ငံတကာ သိပ္ပံနည်းပညာဆိုင်ရာ ကူးလူးဖလှယ်မှုများမှာ ပါဝင်နိုင်တဲ့ အဖိုးတန်အခွင့်အရေးများ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

ELBC မှ ကျောင်းအုပ်ဆရာကြီး ဝမ်ချုံးရှီက အမှာစကားပြောကြားစဉ်မှာ ယခုအကြိမ် CMG နဲ့ ပူးပေါင်းကျင်းပတဲ့ “Science Club” လှုပ်ရှားမှုနှင့် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်ဟာ ကျောင်းရဲ့သိပ္ပံပညာရေးကို မြှင့်တင်ရန်၊ ကျောင်းသားများရဲ့ ဗဟုသုတအမြင်များကို တိုးချဲ့ပေးရန်အတွက် အရေးပါတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိပ္ပံပညာရပ်အပေါ် စူးစမ်းလေ့လာလိုစိတ်တို့ကို ထိန်းသိမ်းထားရန်၊ “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်မှာ တက်ကြွစွာပါဝင်ရန်၊ ပန်းချီစုတ်ချက်၊ စကားလုံးများဖြင့် သိပ္ပံပညာရပ်နဲ့ပတ်သက်တဲ့ မိမိတို့ရဲ့ စိတ်ကူးအယူအဆများနဲ့ အတွေးအခေါ်များကို ဖော်ထုတ်ကြရန် တိုက်တွန်းအားကြောင်း ပြောကြားခဲ့ပါတယ်။

 

နက်ပြာရောင် ရင်ခုန်သံပူးပေါင်းဖန်တီးမှုများ စုစည်းမှုအစီအစဉ် စတင်ခြင်း

ယခုအကြိမ် “နက်ပြာရောင် ရင်ခုန်သံ” ပူးပေါင်းဖန်တီးမှုများ စုစည်းမှု အစီအစဉ်ကို China Media Group နဲ့ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်မှ ပူးပေါင်းကျင်းပခြင်း ဖြစ်ပါတယ်။ မြန်မာလူငယ်များရဲ့ ပန်းချီလက်ရာ ဖန်တီးမှုများနဲ့ သိပ္ပံပညာရပ်ဆိုင်ရာဆိုင်ရာ မေးခွန်းများကို စုဆောင်းတဲ့ပုံစံဖြင့် လူငယ်များရဲ့ ပင်လယ်နက်ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ စူးစမ်းလိုစိတ်နဲ့ စိတ်ကူးများကို တီထွင်ဖန်တီးမှုလက်ရာများ၊ မေးခွန်းများအဖြစ် ဖန်တီးရန် အားပေးတိုက်တွန်းထားပါတယ်။ ဆုရရှိတဲ့လက်ရာများကို အွန်လိုင်းမှာပြသသွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖန်တီးမှုလက်ရာများ အကဲဖြတ်ရွေးချယ်မှုမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့လက်ရာများဟာ တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာပြတိုက်မှာ ပြသခွင့်နဲ့ ဆုကြေးလည်း ရရှိမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ မေးခွန်းများကိုလည်း သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက တစ်ဦးချင်းအလိုက် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူများဟာ “အွန်လိုင်း သိပ္ပံစာသင်ခန်း – ဒုံးပျံကို ဘယ်လိုလွှင့်တင်တာလဲ” ၊ “Haidou 1 နှင့်အတူ ပင်လယ်ရေနက်ပိုင်းကို စူးစမ်းလေ့လာခြင်း” စတဲ့ စိတ်ဝင်စားဖွယ်ရာ ဗီဒီယိုအစီအစဉ်များကို စိတ်အားထက်သန်စွာ ကြည့်ရှုခဲ့ကြပြီး အာကာသနဲ့ ပင်လယ်ရေနက်ပိုင်း စူးစမ်းလေ့လာရေးနယ်ပယ်တို့ရဲ့ ထိပ်တန်းနည်းပညာ အောင်မြင်မှုများကို လေ့လာသိရှိခဲ့ကြပါတယ်။ ဒုံးပျံများ ကောင်းကင်ယံသို့ ထိုးတက်သွားတဲ့ အံ့ဩမှင်သက်ဖွယ် အခိုက်အတန့်များမှသည် “Haidou 1” မီတာသောင်းချီနက်ရှိုင်းတဲ့ ပင်လယ်ပြာကြီးထဲသို့ ငုပ်လျှိုးစူးစမ်းတဲ့ ခရီးစဉ်အထိ ရုပ်သံမှတ်တမ်းများဟာ စာသင်ခန်းရဲ့နယ်နိမိတ်များကို ကျော်လွန်၍ လူငယ်များအား နည်းပညာတိုးတက်မှုရဲ့ အားကောင်းမှုများကို အနီးကပ် ခံစားသိရှိစေခဲ့ပါတယ်။ အနာဂတ်မှာလည်း CMG နဲ့ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာပြတိုက်က သိပ္ပံပညာရပ်ကို မြတ်နိုးကြတဲ့ မြန်မာလူငယ်များစွာအတွက် နည်းပညာကို ထိတွေ့ခံစားပြီး အိပ်မက်များကို အကောင်အထည်ဖော်နိုင်မယ့် စင်မြင့်ကို ဖန်တီးပေးနိုင်ရန် လူငယ်ဆိုင်ရာ သိပ္ပံအသိပညာပေး လှုပ်ရှားမှုများကို ပိုမိုမိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 

China and Myanmar Launch “Science Club” and “Deep Blue Heartbeat” Youth Initiatives in Yangon

China Media Group (CMG) and the Eastern Language and Business Center (ELBC) high school in Yangon, Myanmar, jointly hosted the launch event for the “Science Club” activity and the “Deep Blue Heartbeat” co-creation project on September 5. More than 500 teachers and students attended the celebration to explore scientific developments and international exchange opportunities together.

Developed as a youth science education platform by China Media Group, the “Science Club” initiative aims to enhance scientific literacy, spark innovation, and provide Myanmar youth with a dedicated platform to participate in global scientific activities. During the event, ELBC Principal Wang Congshi highlighted that the partnership offers a vital opportunity to expand students’ knowledge and encourage them to express their imaginative ideas about science through creative writing and artwork.

In collaboration with the China Science and Technology Museum, the “Deep Blue Heartbeat” project encourages Myanmar youth to submit deep-sea-themed drawings and scientific questions. Selected artworks will be showcased online and displayed at the China Science and Technology Museum in China, with monetary awards provided to winners. Experts will also personally answer the selected science queries submitted by the participants.

During the launch ceremony, students watched educational videos titled “Online Science Classroom: How Rockets Launch” and “Exploring the Deep Sea with Haidou 1,” gaining direct insight into frontier technologies in space and ocean exploration. Moving forward, CMG and the China Science and Technology Museum plan to introduce more science outreach activities to support young Myanmar students interested in technology.

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.