YGN 96.1 MDY 96.5 NPT 96.7

Back to News

Infotainment December 11, 2023

MI Radio တွင်”ရာဇဝင်ထဲက မီယွဲ့ဧကရီ” အသံဇာတ်လမ်းတွဲကြီး မကြာခင်ထုတ်လွှင့်တော့မည်

တရုတ်နန်းတွင်းဇာတ်လမ်းတွေကို သဘောကျနှစ်သက်သူတွေအတွက် Z-Lann ကနေ အသံသရုပ်ဆောင်ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ကာ ပါရမီရှင်အသံသရုပ်ဆောင်များကို မွေးထုတ်ပေးခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ဆုရရှိထားသော အသံသရုပ်ဆောင်များနှင့် Z-Lann ကအသံသရုပ်ဆောင်များပူးပေါင်း သရုပ်ဆောင်ထားသော “ရာဇဝင်ထဲက မီယွဲ့ဧကရီ” အသံဇာတ်လမ်းတွဲကြီး အောင်မြင်စွာ တည်းဖြတ်ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” အသံဇာတ်လမ်းတွဲကြီးအား Media Partner အဖြစ်တာဝန်ယူပေးထားသော MI Radio က FM လေလှိုင်းပေါ်တွင်လည်းကောင်း၊ MI Radio Podcast များမှလည်းကောင်း၊ MI Radio Application ကနေတဆင့် မကြာမီအချိန်ကာလအတွင်းဂုဏ်ယူစွာဖြင့် စတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ကြောင်း MIR ပရိသတ်ကြီးများအားလုံးကို သတင်းကောင်းပါးလိုက်ရပါတယ်နော်။
အသံဇာတ်လမ်းတွဲကြီး စတင်ထုတ်လွှင့်သွားမည့်အချိန်ဇယားကို မကြာမီကြေညာပေးသွားမှာဖြစ်လို အားလုံးက စောင့်မျှော်အားပေးကြပါဦးနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.