YGN 96.1 MDY 96.5 NPT 96.7

Back to News

Infotainment November 12, 2025

📽️တရုတ်ပုံရိပ် ရုပ်ရှင် သီတင်းပတ်တွင် ပြသမည့် ဇာတ်ကားများနှင့် အချိန်ဇယားများ 📽️

၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ရုပ်ရှင်ပွဲတော် ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မှ စတင်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး စုစုပေါင်း ရုပ်ရှင်ဇာတ်ကား (၇) ကားကို အများပြည်သူများအား အခမဲ့ ပြသသွားမည် ဖြစ်ပါသည်။

ပြသသွားမည့် ဇာတ်ကားများမှာ

  1. မင်္ဂလာပါ မေမေ 你好,李焕英
  2. လကမ္ဘာစွန့်စားခန်း 独行月球
  3. သူရဲကောင်းရှစ်ရာ 八佰
  4. ချစ်သောဇာတိမြေ 红河谷
  5. စာဆိုတော်နှင့် ကြောင်နက်ရှင် 妖猫传
  6. ကန္တာရဓားသမား 龙门飞甲
  7. အလွဲများနှင့်ဘဝ 年会不能停

လာရောက်ကြည့်ရှုလိုသော ရုပ်ရှင်ချစ် ပရိသတ်များ အနေဖြင့် အောက်ပါ လင့်ခ်မှ တဆင့် ဖောင်ဖြည့်ပြီး မိမိကြည့်ရှုလိုသော ဇာတ်ကားပြသချိန် မတိုင်ခင် တစ်နာရီအလိုတွင် စတင်ပြီး ရုပ်ရှင်လက်မှတ်များကို ရုပ်ရှင်ရုံ၏ လက်မှတ်ကောင်တာ (Box Office) တွင် အခမဲ့ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

အထူးသတိပြုရန်မှာ ကြိုတင်စာရင်းပေးသွင်းထားသူများသည် ရုပ်ရှင်ပြသချိန်မတိုင်ခင် မိနစ်နှစ်ဆယ် အနည်းဆုံး ကြိုတင်ပြီး လက်မှတ်များကို လာရောက်ထုတ်ယူရမည် ဖြစ်ပြီး အချိန်မီ မထုတ်ယူနိုင်ပါက ရုပ်ရှင်ရုံတွင် Walk-in လာရောက်ကြည့်ရှုသူများကို ကျန်ရှိလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး တင်ပြအပ်ပါသည်။

 

ရုပ်ရှင် ကြည့်ရှုလိုသူများ စာရင်း ပေးသွင်းရန် – https://forms.gle/JcWxWQPJCZoy7AhU8

ကျင်းပရေးအဖွဲ့ Hotline Number – +95 9951982573

#ChineseFilmFestival2025 #chinesemovies #culture #celebration

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.