YGN 96.1 MDY 96.5 NPT 96.7

Back to Blog

blog June 5, 2024

Chase Your Dream

ပရိသတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြတဲ့ ဇွန်လ (၁)ရက်နေ့ ကို ရောက်ရှိလို့လာပြီမို့ MIRadio ရဲ့ သမားရိုးကျ ပုံမှန်မြင်တွေ့နေကျ Radio Campaign မဟုတ်တဲ့ Campaign အစီအစဉ်အသစ်လေးနဲ့ ပတ်သက်လို့ ကြေညာပေးသွားတော့မှာ ဖြစ်ပါတယ်။ 

မိမိမှာရှိနေတဲ့ စိတ်ကူးအိပ်မက်တွေ၊ နေ့စဉ်ဖြတ်သန်းမှုတွေ၊ အလှအပဆိုင်ရာ စိတ်ဝင်စားမှုတွေ၊ ဈေးဝယ်ထွက်ရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ ထူးခြားတဲ့အကြောင်းအရာတွေ၊ ချက်ပြုတ်နည်းတွေ၊ အစားအသောက်ကောင်းတွေနဲ့ အားကစားအလှုပ်ရှားမှုတွေအပြင် ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝကို ဘယ်လိုရုန်းကန် အကောင်အထည်ဖော်တည်ဆောက်နေသလဲဆိုတာနဲ့ပတ်သက်ပြီး အများသိအောင် မျှဝေလိုကြတဲ့သူတွေရှိမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ MI Radio ကနေ ပရိသတ်ကြီးတို့အနေနဲ့ ခေါင်းစဉ်ပေါင်းမြောက်များစွာရှိတဲ့ထဲကမှ မိမိ မျှဝေလိုတဲ့အကြောင်းအရာကို မိမိကိုယ်တိုင်ဖန်တီးထားတဲ့ ဗီဒီယိုနဲ့ အများသိအောင် ပြန်လည်မျှဝေနိုင်ဖို့အတွက် “Chase Your Dream” ဆိုတဲ့ ဗီဒီယို Campaign လေးကို ဒီနေ့မှာပဲ စတင်ဖွင့်လှစ်လိုက်ပါပြီ။

ဒီ Campaign လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ “Chase Your Dream” ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီမယ့် မိမိမျှဝေလိုတဲ့အကြောင်းအရာတစ်ခုကို သုံးမိနစ်က‌နေ ဆယ်မိနစ်အတွင်းရှိတဲ့ ဗီဒီယိုတစ်ပုဒ်စာ ရိုက်ကူးဖန်တီးပြီး အောက်မှာပေးထားတဲ့ Google Form ကနေ တစ်ဆင့်ဖြစ်စေ၊ MI Radio ရဲ့ viber သို့မဟုတ် telegram ကနေတစ်ဆင့်ဖြစ်စေ၊ ပေးပို့ပါဝင်လို့ရပါတယ်။ ဗီဒီယိုဖိုင်ကို MI Radio ရဲ့ viber သို့မဟုတ် telegram ကနေတစ်ဆင့် ပေးပို့မယ့်သူတွေကတော့ ကိုယ်ရေးဖောင်ကို download ရယူဖြည့်သွင်းပြီး ဗီဒီယိုဖိုင်နဲ့ တစ်ပါတည်း ပူးတွဲပေးပို့ရမှာဖြစ်ပါတယ်။

ဒီ Campaign လေးမှာ ဘယ်လိုပုံစံမျိူးနဲ့ ပါဝင်လို့ရနိုင်မယ်ဆိုတာနဲ့ ပတ်သက်တဲ့ တခြားအသေးစိတ် အချက်အလက်တွေနဲ့ စည်းကမ်းချက်တွေကိုတော့ အောက်ဖော်ပြပါ Link လေးတွေမှာ ဖတ်ရှုနိုင်ပါတယ်။

ပါဝင်နိုင်ပုံနှင့် စည်းကမ်းချက်များ အသေးစိတ်ဖတ်ရှုရန် : https://shorturl.at/sGL4j

ကိုယ်ရေးဖောင် download ရယူရန် : https://shorturl.at/rv91e

Google Form မှ တစ်ဆင့် ပါဝင်ပေးပို့ ယှဉ်ပြိုင်နိုင်ရန် : https://shorturl.at/CLXIg

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.