YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health August 27, 2023

Sweenter တွေက ကင်ဆာဖြစ်စေနိုင်လား?

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) ရဲ့ International Agency for Research on Cancer (IRAC) က Sugar-free စားသောက်ကုန်တွေမှာပါဝင်တဲ့ Non-sugar Sweetener Aspartame ကလူသားတွေကို ကင်ဆာရောဂါကို ဖြစ်နိုင်ပါတယ်လို့ ကြေငြာခဲ့ပြီး စားသောက်ကုန်လုပ်ငန်းကို လှုပ်ခါခဲ့ပါတယ်။

📻ဒီကနေ့ MI Radio ရဲ့ “Health Tips” အစီအစဉ်မှာ Aspartame ပါတဲ့အစားအသောက်တွေကို စားသုံးရင် ဘာကြောင့်ကင်ဆာရောဂါဖြစ်စေလဲဆိုတာ ဝေမျှပေးသွားပါမယ်။

Aspartame မှာ Amino acid, Aspartic acid နဲ့ Phenylalanine တို့ပါဝင်ပြီး ကယ်လိုရီနိမ့်တဲ့ ဆေးသကြားတစ်မျိုးဖြစ်ပြီး ပုံမှန်သကြားထက် အဆ ၂၀၀ နီးပါးပိုချိုပါတယ်။ Aspartame ကို ၁၉၈၀ ခုနှစ် ဝန်းကျင်ထဲက စတင်အသုံးပြုခဲ့ကြပြီးတော့ ပီကေ၊ ရေခဲမုန့်၊ အချိုရည်၊ ဒိန်ချဉ်၊ Cereal၊ သွားတိုက်ဆေး၊ ဗီတာမင်နဲ့ ချောင်းဆိုးပျောက်ဆေးရည်တို့အပါအဝင် ထုတ်ကုန်ပေါင်း ၆၀၀၀ ကျော်မှာ ထည့်သွင်းအသုံးပြုလျက် ရှိနေပါတယ်။ Aspartame ကိုအမေရိကန်၊ အာရှနှင့် ဥရောပဒေသများမှာ အသုံးများပြီးတော့ မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ Aspartame ပါဝင်တဲ့စားသောက်ကုန်တွေကတော့ Diet Coke နဲ့ Sugar-free Jelly စတာတွေမှာ ဖြစ်ပါတယ်။

🗺️အခုလိုကမ္ဘာအနှံ့မှာ လူတိုင်းသုံးနေကြတဲ့ Aspartame က ၁၉၇၄ ခုနှစ်မှာ ဈေးကွက်ထဲရောင်းချနိုင်ကြောင်း ထောက်ခံချက်ရတဲ့အချိန်ထဲက အခုအချိန်အထိလူထုအကြားမှာ ဘေးကင်းမှုကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားလျက်ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ IARC က Aspartame နဲ့ပတ်သက်တာကို ပထမဆုံး ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ဇူလိုင်လ ၁၄ ရက်နေ့မှာ IRAC မှသိပ္ပံပညာရှင်တွေက စာတမ်းပေါင်း ၁၃၀၀ ကျော်နဲ့ ကိုးကားချက် ၇၀၀၀ ကျော်ကိုစုစည်းစစ်ဆေးပြီးမှ Aspartame က Group 2B မှာပါဝင်ပြီး ကင်ဆာဖြစ်နိုင်ချေ ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Group 2B ဆိုတာ လူသားတွေမှာအတော်အသင့်သာ စမ်းသပ် လေ့လာထားပြီး တိရစ္ဆာန်တွေမှာတော့ စမ်းသပ်ရှာဖွေတာလုံလောက်မှု မရှိသေးဘူးလို့ဆိုလိုတာပါ။ ဒါပေမယ့် Aspartame ကိုစားသုံးရင်တော့ ကင်ဆာရောဂါဖြစ်နိုင်ပါတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အဲ့အပြင် ဥရောပမှာ Aspartame ပါတဲ့အချိုရည်ကိုသောက်ရင် အသည်းနဲ့ သည်းခြေပြွန်ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့စာတမ်းရှိပြီး အမေရိကန်နိုင်ငံမှာလည်း ဆီးချိုရောဂါသည်တွေ Aspartame ပါတဲ့အရာကိုစားရင် အသည်းကင်ဆာဖြစ်နိုင်ပြီး ကျန်းမာရေးကောင်းတဲ့အမျိုးသားတွေ‌မှာတော့ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၄ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်ဆိုပြီး ရေးသားထားတဲ့စာတမ်းနှစ်ခုကို တွေ့ရှိပါတယ်။

📃ဒီကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ FDA နဲ့ The American Beverages Association ကတော့ Aspartame ဟာ ကျန်းမာရေးကိုမထိခိုက်စေဘဲ ဘေးကင်းတယ်လို့ ပြောထားပါတယ်။ Aspartame က ကင်ဆာရောဂါသာဖြစ်နိုင်ပြီး ကင်ဆာရောဂါနဲ့တိုက်ရိုက်ချိတ်ဆက်နေတာ မဟုတ်ပါဖူးလို့ ပြောခဲ့ပါတယ်။ 🧑‍⚕️ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကတော့ Aspartame ကိုသင့်တင့်စွာစားသုံးဖို့နဲ့ အများကြီးမစားရင်တော့ ဘေးကင်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။ Joint Expert Committee on Food Additives (JECFA) ကတော့ ထိုကြေညာချက်အပြီးမှာ လူတစ်ယောက်တစ်နေ့ကို စားသုံးသင့်တဲ့ Aspartame ပမာဏကို ကိုယ်အလေးချိန်တစ်ကီလိုဂရမ်မှာ Aspartame (၅၀) မီလီဂရမ်နှုန်းနဲ့စားသုံးနိုင်ရာကနေ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ Aspartame (၄၀) မီလီဂရမ်နှုန်းနဲ့စားသုံးသင့်ကြောင်း ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ IARC နဲ့ WHO တို့ဘက်မှလည်း Aspartame နဲ့ပတ်သက်တဲ့လေ့လာစမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင် သွားပါဦးမယ်လို့ ပြောခဲ့ပါတယ်။

ပရိသတ်ကြီးတို့လည်း Aspartame Sweetener နဲ့ပတ်သက်ပြီး ဗဟုသုတတွေရရှိပြီး စားသောက်တဲ့အစားအသောက်များကို ချင့်ချိန်စားသောက်ခြင်းအားဖြင့် ဂရုစိုက်ပါဦးနော်။ နောက်တစ်ပတ်မှာ ပြန်တွေ့ပါမယ်။💞

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.