YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

SLE- အရေပြားလေးဘက်နာဆိုတာ ဘယ်လိုမျိုးလဲ။

ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ခုခံအားဆဲလ်တွေက ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်လို့ ဖြစ်တဲ့ ရောဂါ (Autoimmune Disease) အမျိုးအစားတွေထဲက အရေပြားလေးဘက်နာ (SLE – Systemic Lupus Erythematosus) ဆိုတာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အရေပြားလေးဘက်နာ (SLE) လက္ခဏာများ ကတော့ အရိုးအဆစ်တွေ ရောင်ကိုင်းမယ်၊ ဖူးရောင်ပြီး နာကျဉ်နေမယ်၊ အရေပြားတွေမှာ အကွက်တွေ ထမယ်၊ ကျောက်ကပ်နဲ့ အခြားကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။

အရေပြားလေးဘက်နာကိုလည်း ကြိုတင်သိရှိပါက ကုသမှုစနစ်တကျ လုပ်ရင်လုပ်တဲ့အတိုင်း ထိန်းသိမ်းလို့ ရနိုင်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ သို့သော်လည်း လုံးဝကြီးပျောက်ကင်းသွားခြင်းတော့မရှိပါဘူး သက်သာအောင်သာ ထိန်းသိမ်းကုသနိုင်ပါတယ်။ ကုသမှုကတော့ ဆေး နဲ့ အစာ သေချာထိန်းဖို့ လိုအပ်ပါတယ်။ အရေပြားလေးဘက်နာအတွက် အဓိကသတိထားဖို့လိုတဲ့ အချက်တွေကိုလည်း ဒီနေ့ MI Radio ရဲ့ Health Tips မှာ မျှဝေပေးလိုက်ပါတယ်နော်။👇

အရေပြားလေးဘက်နာ (SLE) ရှိနေသူများ အနေနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေမယ့် သို့မဟုတ် အားပေးတဲ့ အစားအစာတွေကတော့
– အဆီများအသား (ဝက်ဆီ/သုံးထပ်သား၊ ကြက်တောင်ပံ၊ ကြက်ဆီဘူး၊ ကလီစာများ)
– ဆီကြော်များ (စားအုန်းဆီ၊ ဝက်ဆီ၊ အမဲဆီ နှင့်ကြော်ထားပြီးသော ဆီကြော်များ)
– မလိုင်၊ ထောပတ်
– Alfalfa (လူဆန်ပဲပင်)
– ကြက်သွန်ဖြူ
– ဆီ/ထောပတ်များသော ကိတ်မုန့်၊ ဘီစကစ်များ
– အငံများသော ဆောစ့်အချဉ်ရည်များ စတဲ့အစားအစာတွေကို မစားသုံးပဲရှောင်ကျဉ်သင့်ပါတယ်နော်။

ဒါဆို ဘယ်အစားစာတွေကို အဓိကထားပြီးစားသင့်လဲဆိုရင်တော့ –
– အဆီနည်းနို့ (Low fat milk)
– ဒိန်ချဉ်
– တို့ဟူး
– ငါးအမျိုးမျိုး (ငါးကြော်ဆိုရင် ဆီအနည်းငယ်နဲ့သာ သုံးဆွဲပါ။ ငါးအရေခွံကြော် စားတာမျိုးကိုလည်း ရှောင်ကျဉ်ပါ။)
– ကြက်သား/ကြက်ဥအကာ
– သစ်သီးများ
– Omega 3 ဖြည့်စွက်အားဆေး
– အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
– အသားလည်းစားသင့်ပါတယ်။ သို့သော် အသားများကို ပြုတ်/ပေါင်း/ဆီနည်းနည်းနဲ့ လှိမ့်တာမျိုးကို စားသုံးခြင်းက ပိုမိုသင့်တော်ပါတယ်။

အရေးအကြီးဆုံးက အငံလျှော့စားပါ။ အချိုမှုန့်၊ ကြက်သားမှုန့်၊ ငါးအသားမှုန့်များ လုံးဝမစားပါနဲ့။ ဆားအလွန်အကျွံစားခြင်းက သွေးပေါင်ချိန် မြင့်တက်စေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်။ အရေပြားလေးဘက်နာ (SLE) ဟာအစထဲက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့အတွက် ဆားငံတာ တွေတော့ လုံးဝကို ရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်နော်။ ပရိသတ်ကြီး အားလုံးလည်း ဒီတစ်ပတ်ရဲ့ Health Tips အစီစဉ်လေးကို ဖတ်ရှုပြီး အရေပြားလေးဘက်နာ (SLE) ကြောင်း နဲ့ သတိထားဖို့လိုတဲ့ အချက်တွေကို သိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ကြီးတို့သိချင်တဲ့ ကျန်းမာရေးအကြောင်းအရာတွေရှိရင်လည်း အောက်က comment ထဲမှာ ချန်ထားခဲပါဦးနော်။ မိမိအတွက် အသုံးဝင်တယ်ထင်ရင် Share လုပ်သွားဖို့လည်း မမေ့ပါနဲ့နော်။ 🙋

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေနော်။🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.