YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

သွေးလေးဘက်နာ (Rheumatoid Arthritis, RA)

လေးဘက်နာရောဂါကို အရိုးအဆစ်လေးဘက်နာ၊ အရေပြားလေးဘက်နာ၊ ပိုးလေးဘက်နာ၊ သွေးလေးဘက်နာ စသည်ဖြင့် အမျိုးအစားများစွာရှိတဲ့အထဲက ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးထဲကတောင်းဆိုထားတဲ့ သွေးလေးဘက်နာ (Rheumatoid Arthritis, RA) အကြောင်းကို ပြောပြပေးသွားပါမယ်နော်။👇

သွေးလေးဘက်နာရောဂါ ဘယ်လိုစဖြစ်တာလဲဆိုရင်တော့ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းကနေ စတင်ဖြစ်ပေါ်တယ်လို့ အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေးအချက်အလက်တွေကိုမျှဝေပေးတဲ့ Healthline Media ကနေ လေ့လာသိရှိရပါတယ်။ သွေးလေးဘက်နာ ရောဂါဆိုတာ အလိုအလျောက်ပြန်လည် ခုခံတဲ့ရောဂါမျိုး (Autoimmune) ဖြစ်တဲ့အတွက် ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာဖြစ်ပါတယ်။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အခြားကိုယ်စိတ်ပိုင်းတွေကိုပါ ထိခိုက် နိုင်ခြေရှိပါတယ်လို့ဆိုပါတယ်။ သွေးလေးဘက်နာရောဂါဟာလည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ရောဂါ ဖြစ်နိုင်ခြေများတဲ့ အသက်အပိုင်းခြားထဲမှာတော့ လူလတ်ပိုင်းအရွယ်လောက်က စဖြစ်တတ်ပြီး သက်ကြီး ပိုင်းများပါ ဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေက ၂ဆကနေ ၃ဆ အထိ ပိုမိုဖြစ်နိုင်လေ့ ရှိတာကို အချက်အလက်များအရသိနိုင်ပါတယ်။ သွေးလေးဘက်နာရောဂါဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါမျိုး ဖြစ်တယ်လို့လည်းဆိုပါတယ်။

သွေးလေးဘက်နာ (Rheumatoid Arthritis, RA) တွင် သိသာထင်ရှားတဲ့ လက္ခဏာကတော့ အရိုးအဆစ်တွေမှာ အများစုတွေ့ရတာဖြစ်ပါတယ်။ သွေးလေးဘက်နာရဲ့ အဆစ်အမြစ်ကိုက်ပုံမှာလည်း အခြားလေးဘက်နာရောဂါများနဲ့ မတူတဲ့ လက္ခဏာအချက်လေးတွေ ရှိပါတယ်။ ထိုအချက်လက်တွေဟာ –
– အဆစ်တစ်ခုထက် ပိုနာခြင်း။
– မနက်မိုးလင်းရင် ဒါမှမဟုတ် လှုပ်ရှားမှုနည်းရင် အဆစ်တွေ တောင့်တင်းပြီး လှုပ်ရှားရခက်ခြင်း။
– ရောင်ရမ်းခြင်း၊ ထိလိုက်ရင် နာတာတွေ ဖြစ်တတ်ခြင်း။
– နှစ်ဖက်စလုံးမှာ ဖြစ်တတ်ခြင်း။ (ဥပမာ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်)
– ဒါ့အပြင် ဖျားခြင်း၊ ရုတ်တစ်ရက်ပိန်သွားခြင်း၊ အားယုတ်ခြင်း၊ နုံးခြင်း တို့စသည့် ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါတယ်။

သွေးလေးဘက်နာ (Rheumatoid Arthritis, RA) ကို စောစီးစွာသိရှိပြီး ကုသမှုများခံယူနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါလက္ခဏာများ မိမိမှာရှိနေသလားဆိုတာ ဆန်းစစ်ဖို့အလွန်အရေးကြီး ပါတယ်။ ပရိသတ်ကြီး အားလုံးလည်း ဒီတစ်ပတ်ရဲ့ Health Tips အစီစဉ်လေးကို ဖတ်ရှုပြီး သွေးလေးဘက်နာ ကြောင်း တစ်ခုခုရရှိသွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ကြီးတို့သိချင်တဲ့ ကျန်းမာ‌ရေးအကြောင်းအရာတွေရှိရင်လည်း အောက်က comment တွေထဲမှာ ဝင်ရေးသွားလို့ရပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေနော်။ 🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.