YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ခရမ်းချဉ်သီးမှရရှိနိုင်တဲ့ ကျန်းမာရေးအကျိူးကျေးဇူးများ

ဆေးလိပ်သောက်သူတွေနဲ့ ကင်ဆာဝေဒနာရှင်များအတွက် ခရမ်းချဉ်သီးဟာကောင်းကျိုးဖြစ်စေသလား။❓❓

MIRadio ရဲ့ ပရိသတ်ကြီးတို့ရေ။ 🙋‍♂️ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။ ကျန်းမာရေးကိုလေ့လာလိုက်စား နေသူများအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို Health Tipsကနေပြီး အမြဲမပြတ်တင်ဆက်ပေးနေပါတယ်။ ဒီတစ်ခေါက်မှာ ခရမ်းချဉ်သီးဟာ ဆေးလိပ်သောက်သူများနဲ့ ကင်ဆာဝေဒနာရှင်တွေအတွက် ကောင်းကျိုးဖြစ်စေ သလားဆိုတာကို ပြောပြပေးသွားပါမယ်နော်။

ခရမ်းချဉ်သီးဟာ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ တို့ကို ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ အဲ့ဒါတွေအပြင် ခရမ်းချဉ်သီးထဲမှာကင်ဆာပြန့်ပွားမှုကို လျော့နည်းစေတဲ့ Phytochemical တွေများစွာလည်း ပါဝင်ပါသေးတယ်။ ထို့အတူပဲ ခရမ်းချဉ်သီးထဲမှာပါတဲ့ “ပရိုဗီတာမင် အေ” ကို လူ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့အခါမှာ “ဗီတာမင် အေ” အဖြစ်ပြောင်းလဲသွားနိုင်တဲ့ Beta-carotene နဲ့ Alpha-carotene တို့များစွာလည်းပါဝင်ပါတယ်။ ခရမ်းချဉ်သီးကိုစားသုံးခြင်းဟာ မျက်စိအားကောင်းစေသလို အနာကျက်လည်း မြန်စေပါတယ်။

ခရမ်းချဉ်သီးရဲ့ လျှို့ဝှက်ချက်က ခရမ်းချဉ်သီးကို မီးနဲ့အပူပေးလိုက်တဲ့ အခါ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ဓာတ်တွေ ထွက်လာပါတယ်။ မီးနဲ့အပူပေးလိုက်တဲ့အခါမှာ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ “ဗီတာမင် စီ” ဓာတ်ပျက်စီးသွားပေမယ့် ကျန်ဓာတ်တွေကတော့ အကောင်းအတိုင်းကျန်ရှိနေခဲ့ပါတယ်။ ခရမ်းချဉ်သီးရဲ့ အစေ့ကတော့ ယူရစ်အက်စစ်ကို တက်စေနိုင်တာကြောင့် ဂေါက်ရောဂါရှိတဲ့သူတွေနဲ့တော့ အဆင်မပြေပါဘူး။ ပြီးတော့ ခရမ်းချဉ်သီးအစေ့ ကို အစာခြေရည်က မဖျက်စီးနိုင်တာကြောင့် အခန့်မသင့်တဲ့အခါ အူအတက်မှာ ပိတ်တတ်တာကိုပါ အထူးသတိထားဖို့ လည်း လိုပါတယ်။ ဒါကြောင့် အစေ့ကိုဖယ်ပြီး စားသုံးတာကတော့ စိတ်အချရဆုံးဖြစ်မှာပါ။

ခရမ်းချဉ်သီးမှာ “ပရိုဗီတာမင် အေ” အများဆုံးပါဝင်ပြီး၊ “ဗီတာမင် စီ” နဲ့ “ဖောလစ် အက်စစ်” တို့ပါဝင်ပါတယ်။ တခြားပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကတော့ Vitamin E၊ Pyridosin၊ Thyramin၊ Vitamin K နဲ့ Potassium၊ Calcium တို့ဖြစ်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ Potassium က ဆဲလ်ထဲက Sodium ကိုဆွဲထုတ်ပြီး ဆီးအဖြစ် စွန့်ထုတ်ပေးကာ သွေးဖိအားကိုကျစေတာကြောင့် သွေးတိုးရောဂါဝေဒနာရှင်များအတွက် အထူးသင့်တော်ပါတယ်။ ခရမ်းချဉ်သီး မှာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ ဓာတ်ဖြစ်တဲ့ Lycopene လို့ခေါ်တဲ့ Carotenoids တစ်မျိုးလည်းပါဝင် ပါသေးတယ်။ Carotenoids ဆိုတာ ဓာတ်တိုးဆန့်ကျင်မှု အားအကောင်းဆုံး Anti-Oxidant ဖြစ်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ Chlorogenic Acid ပါဝင်တာကြောင့် ဆေးလိပ်မှာပါတဲ့ ကင်ဆာဖြစ်စေတဲ့ဓာတ်ကို ဟန့်တား ပေးနိုင်တာကြောင့် ဆေးလိပ်သောက်သူများအနေနဲ့လည်း ခရမ်းချဉ်သီးကို နေ့စဉ် ပုံမှန်စားသုံးပေးသင့်ပါတယ်။

ခရမ်းချဉ်သီးဟာ အရေးပြာကို လှပစေရုံသာမက ဝက်ခြံမထွက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးရှိတာမို့ လူတိုင်းလူတိုင်း နေ့စဉ်စားသုံးနေတဲ့ ဟင်းလျာများ၊ အသုပ်များမှာ ထည့်ချက် စားသုံးသင့်သလို ခရမ်းချဉ်သီးဖျော်ရည် (သို့မဟုတ်) ခရမ်းချဉ်သီးကို ရေသေချာဆေးပြီး ဒီအတိုင်းစားသုံးပေးဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

နောက်တစ်ပတ်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးရှိစေမယ့် Health Tips လေးများကို ထပ်မံ မျှဝေပေးသွားဦးပါမယ်။ ဒီအစီအစဉ်လေးဟာ မိမိအတွက် အကျိုးရှိပြီး မိမိချစ်ခင်နှစ်သက်ရတဲ့သူတွေအတွက်အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်သွားဖို့လည်း မမေ့ပါနဲ့နော်။

MIRadio ပရိသတ်ကြီးများအားလုံး ကျန်းမာပျော်ရွှင်သောနေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.