YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 7, 2023

ဆီးချိုရှိ၊ မရှိ စောစီးစွာသိနိုင်တဲ့ လက္ခဏာ (၆) ချက်

ဆီးချိုရောဂါအမျိုးအစားများမှာ (၁) နှင့် (၂) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ဆီးချိုအမျိုးစား (၁) က ခန္ဓာကိုယ် အတွက် အချိုဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို သရက်ရွက်က မထုတ်ပေးနိုင် တော့တာကြောင့် ဖြစ်ရပြီး ငယ်ရွယ်သူတွေမှာ အဖြစ်များတဲ့ ဆီးချိုအမျိုးအစားဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား (၂) က မိမိတို့ရဲ့ သရက်ရွက် အင်ဆူလင် ဟော်မုန်းကို ထုတ်ပေးနေသော်လည်း ခန္ဓာကိုယ်က အင်ဆူလင် မတိုးတော့တဲ့အတွက် အချိုဓာတ်ကို မထိန်းနိုင်တာကြောင့်ဖြစ်ရတဲ့ ဆီးချိုအမျိုးအစားဖြစ်ပါတယ်။ လူတွေအများစု ဖြစ်နေကြတာကတော့ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်လာပြီဆိုရင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကုသမှုမလုပ်ဘူးဆိုရင် ရေရှည်မှာ ကျောက်ကပ်၊ မျက်စိ၊ နှလုံး၊ သွားဖုံး တို့နှင့် မျက်စိ စတဲ့ အရေးကြီးလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ အလုပ်မလုပ်နိုင်တော့တဲ့အထိ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် စောစောစီးစီးသိထားရင် အချိန်မလွန်မှီ ထိန်းသိမ်း လို့ရအောင် ဆီးချိုရောဂါရှိ၊ မရှိ အလွယ်တကူ သိသာနိုင်တဲ့ အဓိက လက္ခဏာ အချက် ၆ ချက်ကို MI Radio ကဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆီး ခဏခဏ သွားချင်ခြင်း။ လူတစ်ယောက်ဟာ ပုံမှန်တစ်နေ့ကို ၅ ကြိမ်ကနေ ၇ ကြိမ်အထိ ဆီးသွားလေ့ရှိပါတယ်။ ပုံမှန်မဟုတ်ဘဲ ခဏခဏ ဆီးသွားနေလာပြီဆိုရင် သတိထားသင့်ပါတယ်။

၂။ ခဏခဏ ရေငတ်ခြင်း။ အခုဘဲ ရေသောက်ပြီးပေမယ့် အခုဘဲပြန်လည်‌ရေဆာလာတာမျိုးဟာလည်း ဆီးချိုရှိနေနိုင်တဲ့ လက္ခဏာတစ်ခုပါဘဲ။

၃။ အမြင်အာရုံ မှုန်ဝါးခြင်း။ ဒီအခြေနေကို ဆရာဝန်နဲ့ မပြသရင် ကြာရင် အမြင်အာရုံ ဆုံရှုံးနိုင်တဲ့ အခြေနေထိရောက်သွားနိုင်ပါတဘယ်။

၄။ ပင်ပန်းနွမ်းလျခြင်း။ တစ်နေ့တာအလုပ်လုပ်ပြီးလို့ ပင်ပန်းနွမ်းနယ်သွားတာမျိုးဟာ ပုံမှန် သဘာဝဖြစ်ပါတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ အားအင်စိုက်ရတဲ့အလုပ်မျိုးကို မလုပ်ရပဲ မကြာခဏ မောပန်းနွမ်းနယ်နေပြီဆိုရင်တော့ ပုံမှန်မဟုတ်ပါ။

၅။ ဒဏ်ရာအနာများ လွယ်လွယ်နဲ့ မကျက်ခြင်း။ သွေးထဲမှာ သကြားဓာတ် လွန်ကဲစွာရှိနေတဲ့ကြောင့် သွေးနီဥတွေနဲ့ အာရုံကြောတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ ထိုကြောင့် ဒဏ်ရာ တစ်ခုခု ဖြစ်ခဲ့ပါက အနာကျက်တာ အင်မတန်နှေးကွေး ပြီးနောက်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းများဖြတ်လိုက်ရတဲ့ အထိ ဖြစ်နိုင်ပါတယ်။ လုံးဝ လစ်လျူရှုမထားသင့်တဲ့ လက္ခဏာဖြစ်ပါတယ်။

၆။ လည်ပင်းမှာ အမဲကွက်တွေပေါ်ခြင်း။ အမည်းကွက်လေးတွေ လည်ပင်းနား၊ ပေါင် နှင့် ချိုင်းနားတစ်ဝိုက် အမဲကွက်တွေတဖြည်းဖြည်းများလာပြီဆိုရင်လည်း ဆီးချိုလက္ခဏာတစ်ခုဖြစ်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။

အထက်ပါလက္ခဏာ ၆ ချက်များနဲ့ကိုက်ညီတဲ့ အခြေအနေရောက်နေပြီဆိုရင်တော့ စောစောစီးစီးနဲ့ ကုသမှုခံယူ ပါလို့ အကြံဉာဏ်ပေးလိုက်ရပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.