YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 7, 2023

အစာခြေစနစ်အတွက် အရေးကြီးတဲ့ အမျှင်ဓာတ် အပိုင်း (၁)

MIRadio ရဲ့ ပုံမှန်တင်ဆက်ပေးနေတဲ့ Health Tips အစီအစဉ်ကတော့ ပြန်လည်ရောက်ရှိလို့ လာပြန်ပါပြီ….။ ဒီတစ်ပတ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးဖို့ ရွေးချယ်ထားကတော့ “အစာခြေစနစ်အတွက် အရေးကြီးတဲ့ အမျှင်ဓာတ်” ဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။

အမျှင်ဓာတ်ဟာ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အစာခြေစနစ်အတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ အသက် (၅၀) အောက် အမျိုးသမီးတွေဆို တစ်နေ့လျှင် Fiber (၂၅) ဂရမ် နဲ့ အမျိုးသားတွေဆို (၃၈) ဂရမ်ပါဝင်အောင် စားသုံးသင့်တယ်လို့ဆိုပါတယ်။ အသက် (၅၀) နှင့် အထက် အမျိုးသမီးများဆိုလျှင် တစ်နေ့ကို Fiber (၂၁) ဂရမ်နဲ့ အမျိုးသားတွေဆို (၃၀) ဂရမ် ပါဝင်အောင်စားသုံးသင့်တယ်လို့ဆိုပါတယ်။

အမျှင်ဓာတ်ဆိုတာ အစာခြေစနစ်က မခြေဖျက်နိုင်တဲ့ ကစီဓာတ် (Carbohydrate) တစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆီဓာတ်၊ ကစီဓာတ် နဲ့ အသားဓာတ်တွေဟာ အစာခြေစနစ်မှ ဖြိုခွဲချေဖျက်လိုက်ပြီး သွေးဆဲလ်က အဲဒီအာဟာရဓာတ်တွေကိုပြန်လည်စုပ်ယူပါတယ်။ အမျှင်ဓာတ်တွေကိုတော့ မချေဖျက်မစုပ်ယူနိုင်တဲ့အတွက် အစာအိမ်မှတစ်ဆင့် အူသိမ်၊အူမကြီး မှတစ်ဆင့် ဝမ်းအိမ်ထဲသို့ ဝမ်း အဖြစ် ပြန်လည်စွန့်ထုတ်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအသောက်များကတော့ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ကောက်နှံစပါးများ၊ ပဲများ၊ အစေ့အဆံများ တို့ဖြစ်ပါတယ်။ အမျှင်ဓာတ် (Fiber) မှာ အမျိုးအစား နှစ်မျိုး ရှိပါတယ်။ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ် (Soluble fiber) ကတော့ သွေးတွင်းအချိုဓာတ်နဲ့ အဆီ(Cholesterol) ကိုကျစေပါတယ်။ အဆိုပါ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ် (Soluble fiber) မှာပါတဲ့ အစားအစာတွေကတော့ Oatmeal (အုတ်ဂျုံတစ်မျိုး)၊ အခွံမာသီးများ၊ ပဲသီး၊ ပဲနီလေး၊ ပန်းသီး နှင့် ဘလူဘယ်ရီသီး တို့ဖြစ်ပါတယ်။

ရေတွင်မပျော်ဝင်သော အမျှင်ဓါတ်(Insoluble Fiber) ကတော့ အစာခြေဖျက်မှုချောမွေ့အောင် နှင့် အူတွင်း လှုပ်ရှားမှု မှန်အောင်ပြုလုပ်ပေးခြင်းဖြင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ရေတွင်မပျော်ဝင်သော အမျှင်ဓါတ် (Insoluble fiber) ပါသောအစားအစာများကတော့ ဂျုံ ၊ဂျုံကြမ်းဖြင့်ပြုလုပ်ထားသောပေါင်မုန့်များ၊‌ မြောက်အာဖရိကဂျုံကြမ်း၊ သစ်သီးစွပ်ပြုတ်ဟင်းလျာ၊ ဆန်လုံးညို၊ ပဲတောင့်ရှည်၊ မုန်လာဥနီ၊ သခွားသီးနဲ့ ခရမ်းချဉ်သီးတို့ဖြစ်ပါတယ်။ အမျှင်ဓာတ်(Fiber) ပါသော အစားအစာများကို စားသုံးခြင်းဖြင့် အစာခြေစနစ်အတွက် ရရှိလာသော ကောင်းကျိုးများကတော့ ဝမ်းမှန်စေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာတွေဟာ အူလှုပ်ရှားမှုကိုမှန်စေခြင်း၊ ဝမ်းဖြစ်စေခြင်း၊ ဝမ်းသွားရ လွယ်ကူစေခြင်း အကျိုးကျေးဇူးတွေ ရရှိစေမှာဖြစ်ပါတယ်။

အခုတင်ဆက်ပေးခဲ့တာကတော့ “အစာခြေစနစ်အတွက် အရေးကြီးတဲ့ အမျှင်ဓာတ်” ပထမ ပိုင်းဖြစ်ပါတယ်။ ဒုတိယပိုင်းတွင်လည်း အမျှင်ဓာတ် (Fiber) ရဲ့ အရေးပါပုံများကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်လို့ MIRadio ရဲ့ Health Tips အစီအစဉ်မှာ ပြန်ဆုံ ကြမယ်နော်။ MIRadio ရဲ့ ချစ်ပရိသတ်တွေလည်း ကျန်းမာပျော်ရွှင်ရတဲ့ နေရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.