YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

ထောပတ်သီးမှရရှိသော အကျိုးကျေးဇူးများ

အသီးအရွက် နှင့် သစ်သီးဝလံတွေဟာ ကျန်းမာရေးကိုအထောက်အကူပြုသလို နေ့စဉ် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ထိုအသီးအရွက် နှင့် သစ်သီး၀လံတွေထဲမှာမှ ထောပတ်သီး ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အသီးတစ်မျိုးအနေ နဲ့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ 𝗛𝗲𝗮𝗹𝘁𝗵 𝗧𝗶𝗽𝘀 အစီအစဉ် ကနေ 𝗠𝗜𝗥𝗮𝗱𝗶𝗼 ရဲ့ ပရိသတ်တွေအတွက် “ထောပတ်သီး မှ ရရှိသော အကျိုးကျေးဇူးများ” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ထောပတ်သီးက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထေရောဓာတ် (cholesterol) တွေကိုလျော့ကျစေပါတယ်။ ထို့အပြင် ထောပတ်သီးဟာ အဆီဓာတ်များပေမဲ့ ခန္ဓာကိုယ် အတွက် ကောင်းမွန်တဲ့ အဆီဓာတ်လို့ခေါ် တဲ့ monounsaturated fat ဖြစ်တာကြောင့် သွေးကြောတွေထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်တွေကို လျှော့ချ‌ပေးပြီး ထိုအဆီဓာတ်တွေကမှတစ်ဆင့် သင့်ကိုယ်ထဲက ဆဲလ်တွေအတွက် လိုအပ်တဲ့အဟာရဓာတ်များစွာကို ပေးစွမ်းနိုင်ပါတယ်။

နှလုံးရောဂါရှိသူတွေကို အဆီဓာတ်နည်းတဲ့အစားအစာကို စားဖို့‌ပြောလေ့ရှိပေမယ့် အဆီဓာတ်များတဲ့ ထောပတ်သီးကိုတော့ ကောင်းတဲ့အဆီဓာတ်တွေ ပါဝင်နေတာကြောင့် ထောပတ်သီးကိုတော့ စားသင့်တယ် လို့ဆိုကြပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ထောပတ်သီးမှာပါဝင်တဲ့ carotenoids ခေါ် လိမ္မော်ရောင်ဓာတ် များသည် ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့စွမ်းအင်ရှိတဲ့ အန်တီအောက်ဆီဒင့် (antioxidants) အများအပြား ပါဝင်တဲ့‌ အပြင် ဖိုလ်လိတ် (folate) ဆိုတဲ့ Vitamin B9 လည်း ပါဝင်ပါတယ်။ ၎င်း ဖိုလ်လိတ် (folate) သည် ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် စွမ်းအင်မြင့်မားတဲ့ အလင်းရောင်ဒဏ်နှင့် ၎င်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကြွက်သားပျက်စီးမှု (Muscular Degeneration) ကို တားဆီးနိုင်ဖို့အတွက် မျက်စိကလိုအပ်တဲ့ Lutein အာဟာရဓာတ်များလည်း ပါရှိပါတယ်။

အဲ့တာတွေအပြင် သွေးတိုးကိုကျစေတဲ့ ပိုတက်ဆီယံ ဓာတ်များစွာ ပါဝင်တဲ့အတွက် ထောပတ်သီးကို အစိမ်းစားခြင်းအားဖြင့် သွေးတိုးရောဂါကိုလည်း ကျစေပါတယ်။ Fiber ခေါ် အမျှင်ဓာတ်ပါဝင်ခြင်းကြောင့်လည်း အစာအိမ်အတွက် အစာခြေဖျက်ခြင်းစနစ်ကို အထောက်အကူပြုပီး အစာခြေရာမှာပါ အထောက်အကူပေးတဲ့အတွက် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီးဟာ အရိုးနုတွေပြန်ပြင်ပေးတဲ့ vitamin E ပါဝင်ပါသေးတယ်။ ထောပတ်သီးကို မှန်မှန်စား‌ပေးခြင်းဟာ အဆစ်ရောင်နာရောဂါ နှင့် ပရိသတ်တို့ရဲကျန်းမာရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ 𝗛𝗲𝗮𝗹𝘁𝗵 𝗧𝗶𝗽𝘀 အစီအစဉ်ကနေ ပရိသတ်တို့ကို တင်ဆက်ပေးခဲ့တဲ့ “ထောပတ်သီး မှ ရရှိသော အကျိုးကျေးဇူးများ” ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလဲ ဘယ်လိုမျိုး ကျန်းမာရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကောင်းများကိုတင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးပါလို့ပြောရင်း 𝗠𝗜𝗥𝗮𝗱𝗶𝗼 ရဲ့ ချစ်ပရိသတ်တွေ ကျန်းမာပျော်ရွှင်တဲ့နေရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.