YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

ကလေးငယ်များနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်

ယခုနှစ် မှာ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ကလေးတွေကို တွေ့နေရပါပြီ။ သွေးလန့်တဲ့အခြေအနေကို ရောက်ရှိနေတဲ့ ကလေးတွေလည်းရှိနေပြီဖြစ်တာကြောင့် ဒီတစ်ပတ်ရဲ့ ပထမဆုံး 𝗛𝗲𝗮𝗹𝘁𝗵 𝗧𝗶𝗽𝘀 အစီအစဉ်ကို “ကလေးငယ်များနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်” ဆိုတဲ့ အကြောင်းလေးတင်ဆက်ပေးချင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါသည်အသက် (၁၅)နှစ်အောက်တွင်အများဆုံးဖြစ်ပွါးတတ်သော်လည်း ယခုအခါတွင်အသက်အရွယ်မရွေးဖြစ်ပွားတတ်ကြောင်းကို ကျန်းမာရေးဌာန၏ ထုတ်ပြန်ထားချက်များအရသိရှိထားရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဆိုတာ ရောဂါပိုးသယ်ဆောင်ထားသည့်ခြင်ကိုက်ခံရပြီး ပျှမ်းမျှ (၄) ရက်မှ (၆) ရက်အကြာတွင်စတင်ပြသလေ့ရှိတဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံနေရသည့် ကလေးငယ်များသည်….
(က) ရုတ်တရက်အဖျားတက်လာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊
(ခ) တစ်ကိုယ်လုံးကိုက်ခဲခြင်း၊
(ဂ) ပျို့ခြင်း အန်ခြင်း၊
(ဃ) မစားချင်/ မသောက်ချင်ဖြစ်ခြင်း
(င) သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် positive (+) ဖြစ် ခြင်း
(စ) သွေးဖြူဥ နည်း ခြင်း
(ဆ) နှာခေါင်းသွေးလျှံခြင်း နှင့်
(ဇ) တစ်ခါတစ်လေ ခန္ဓာကိုယ်၌ အစက်အပျောက်များပေါ်လာခြင်းတို့ စသည်တို့ ဖြစ်ပေါ်လာတတ်ပါတယ်။

ထို့ကြောင့် ပုံမှန်ရာသီအကူးအပြောင်းတွင် ဖြစ်တက်သည့် တုပ်ကွေးရောဂါနှင့် ကွာခြားမှုမရှိ‌ကြောင်း သိရပါတယ်။

အကယ်၍ ခန္ဓာကိုယ်တွင် အနီကွက်များ ထွက်လာခြင်း ၊ ရုတ်တရက် ဗိုက်အောင့်လာခြင်း၊ ခြေဖျားများ အေးစက်ခြင်း၊ သွေးပေါင်ကျဆင်းခြင်း၊ အန်ခြင်း စသည့် လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ဆေးရုံး၊ ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင် ပြသရန် လိုအပ်ပါတယ်နော်…မိုးတွင်းကာလ သာမက မည်သည့်အချိန်တွင်မဆို ကလေးများ ဖျားနာလျှင် သွေးလွန်တုပ်ကွေး အန္တရာယ်ကို သတိပြုရမည် ဖြစ်ပြီး ယခင်ဖြစ်ဖူးသူများတွင် နောက်တစ်ကြိမ် ဖြစ်လျှင် ပိုဆိုးတတ်သောကြောင့် သတိထားရန်လည်း လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင် ကာကွယ်နိုင်ဖို့ဆိုရင်တော့ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း နှင့် ခြင်ကျား မပေါက်ဖွားအောင် ပြုလုပ်ခြင်း၊ စွန့်ပစ်ပစ္စည်း အားလုံးကို စနစ်တကျ စွန့်ပစ်ခြင်း၊ အိမ်ပတ်ဝန်းကျင် သန့်ရှင်းခြင်း၊ ရေစည် ရေအိုးများ ဖုံးအုပ်ထားခြင်း စသည့်အချက်များကို စနစ်တကျ ဆောင်ရွက်ကြရန်လည်း ကျန်းမာရေးဌာနက အသိပေး ကြေညာချက်တွေလည်း ထုတ်ပြန်ထားပါသေးတယ်။

အရေးကြီးအချက်အနေနဲ့ဆိုရင်တော့ သွေးလန့်ခြင်း မဖြစ်ပေါ် မှီအချိန်တွေမှာ အဖျားကျ သွားတတ်ပါတယ်။ ဤအချက်ကို နေကောင်းသွားပြီဟု မှားယွင်းစွာယူဆတတ်ပါတယ်။ သို့သော် ကလေးငယ်များဟာ စားသောက် ပြေးလွှား ဆော့ကစားနေခဲ့ရင်တော့ စိုးရိမ်စရာမရှိနိုင်ပေမယ့် အဖျားကျပြီး မလန်းဆန်းလျှင်၊ မှိန်းနေလျှင်၊ ကယောင်ကတမ်း ဖြစ်နေလျှင်၊ မူးဝေ အော့အန်လျှင် ဆေးရုံသို့ အလျင်အမြန် သွားရောက်၍ ကျန်းမား‌ရေးကုသမှုကို ခံယူရပါမယ်။

ဒီနေ့ 𝐌𝐈𝐑𝐚𝐝𝐢𝐨 ရဲ့ 𝗛𝗲𝗮𝗹𝘁𝗵 𝗧𝗶𝗽𝘀 အစီအစဥ်ကနေ ဖော်ပြခဲ့တဲ့ “ကလေးငယ်များနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်” ကိုဖတ်ရှုပြီးတဲ့နောက်မှာ ပရိသတ်တို့ တန်ဖိုးထားရတဲ့ သားသားမီးမီးလေးတွေကို သွေးလွန်တုပ်ကွေးရောဂါရဲ့ ရန်မှ ကာကွယ်နိုင်မယ့် အသိပညာ တစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်အပတ်တွေမှာလည်း အခြားသော ကျန်းမာ‌ရေး ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ 𝐌𝐈𝐑𝐚𝐝𝐢𝐨 ရဲ့ 𝗛𝗲𝗮𝗹𝘁𝗵 𝗧𝗶𝗽𝘀 အစီအစဥ်ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…🙏

(အထက်ပါ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို Professor Dr. Swe Win ရဲ့ social media စာမျက်နှာမှာ ဖော်ပြထားတဲ့ သွေးလွန်တုပ်ကွေးဆိုင်ရာ အချက်များမှ မှီငြမ်းရေးသား ဖော်ပြထားခြင်းဖြစ်ပါတယ်။)

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.