YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

ကြောက်စိတ်မွန်ခြင်းနှင့် စိုးရိမ်ပူပန်‌‌သောကများခြင်းဆိုတာတူညီသလား???

လူအများစုမှာဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပြောပါဆိုရင် Panic လို့ခေါ်တဲ့ ကြောက်စိတ်မွှန်ခြင်းနဲ့ Anxiety ဆိုတဲ့ စိုးရိမ်ပူပန်သောကများခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှစ်မျိုုးဟာ ယျေဘူယျအားဖြင့်ဆိုရင် တူညီသယောင်ရှိတယ်ဆိုပေမယ့်လည်း လေ့လာကြည့်လိုက်တဲ့အခါမှာတော့ မတူကွဲပြားမှုတွေရှိနေတယ်ဆိုတာကို အမေရိကန်နိုင်ငံအခြေစိုက် ကျန်းမာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Healthline ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဒါကြောင့် အခုတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ Panic Attack နဲ့ Anxiety Attack တို့အကြားမှာရှိနေတဲ့ ကွဲပြားခြားမှုအကြောင်းအရာတို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်သောကရောက်ခြင်းဆိုတာက လူတွေအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး Panic ဆိုတာကတော့ ရံဖန်ရံခါမှ ရုတ်တရက်ဆိုသလို ဖြစ်ပေါ်လာတတ်တဲ့ ကြောက်စိတ်လွန်ကဲမှုရောဂါဖြစ်ပါတယ်။ Panic ဖြစ်လာတဲ့အချိန်တွေမှာဆိုရင် စိတ်ပိုင်းဆိုင်ရာမှာသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမဝခြင်းနဲ့ ပျို့အန်ခြင်းတို့လိုမျိုုး ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုနဲ့ပတ်သက်တဲ့ သုတေသနရလဒ်တွေမှာတော့ Panic ဖြစ်ခြင်း (ကြောက်စိတ်လွန်ကဲခြင်း) ကို Unexpected Panic Attack (မမျှော်လင့်ထားတဲ့အချိန်အခါမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ ကြောက်စိတ်လွန်ကဲမှု) နဲ့ Expected Panic Attack (မျှော်လင့်ထားသလိုဖြစ်လာတဲ့ ကြောက်စိတ်လွန်ကဲမှု) လို့ဆိုကာ နှစ်မျိုးခွဲထားတာကို တွေ့ရပါတယ်။ Unexpected Panic Attack ဆိုတာက သိသာထင်ရှားတဲ့အကြောင်းအရာတွေ၊ ရောဂါလက္ခဏာတွေမရှိဘဲဖြစ်ပေါ်တတ်ပေမယ့် Expected Panic Attack ကတော့ အကြောက်ရောဂါလိုမျိုး ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတတ်တာဖြစ်ပါတယ်။ Panic Attack ဟာ လူကြီး၊ လူငယ်၊ ကျား/မ မရွေးဆီမှာ ဖြစ်ပေါ်တတ်တယ်ဆိုပေမယ့်လည်း အကြောက်ရောဂါလက္ခဏာ ရှိတဲ့သူတွေမှာဖြစ်ဖို့အတွက် ရာခိုင်နှုန်းပိုမိုများပြားတယ်လို့ ဆိုပါတယ်။

Anxiety (စိုးရိမ်စိတ်လွန်ကဲခြင်း) ရဲ့လက္ခဏာတွေထဲမှာတော့ ကြိုတင်တွေးပူတတ်ခြင်း၊ သောကဗျာပါဒများခြင်း၊ စိတ်ဆင်းရဲခြင်းနဲ့ ကြောက်ရွံ့ခြင်းတို့ပါဝင်ပြီး များသောအားဖြင့်ဆိုရင် ဒီလိုမျိုးအခြေအနေတွေဟာ စိတ်ဖိစီးစရာကောင်းတဲ့ အတွေ့အကြုံ၊ နေရာဒေသမျိုးတွေနဲ့ ဆက်စပ်လျက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ Anxiety Attack လက္ခဏာတွေရှိနေတဲ့ လူတွေရှိသလိုမျိုး မည်သည့်လက္ခဏာတစ်စုံတစ်ရာမျှမဖော်ပြဘဲ Anxiety Attack ဖြစ်တတ်တဲ့ လူတွေလည်းရှိပါတယ်။ Panic Attack နဲ့ Anxiety Attack တို့ကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားမှုဝေဒနာတွေဟာ အများအားဖြင့် တူညီနေတာကိုတွေ့ရပြီး တစ်ခါတစ်လေမှာ ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှစ်မျိုးလုံးကို တစ်ပြိုင်တည်းခံစားရတာတွေလည်း ရှိတတ်ပါတယ်။ ဥပမာဆိုရရင် အရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခုခုကြောင့် စိတ်ဖိစီးမှုများတဲ့အခါမျိုးတွေမှာ Anxiety Attack ဖြစ်ပေါ်လာပြီး အဲဒီနောက်မှာတော့ Panic Attack အဖြစ်နဲ့လည်း ပြောင်းလဲသွားနိုင်တာဖြစ်ပါတယ်။

Panic Attack ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုလက္ခဏာတွေကတော့ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ဖြစ်ပြီး Anxiety Attack ရဲ့လက္ခဏာတွေထဲမှာတော့ သေရမှာကြောက်ရွံ့ခြင်း၊ မိမိကိုယ်ကိုယ်ထိန်းချုပ်မှု မရှိခြင်း၊ တစ်ကိုယ်ကောင်းဆန်အတ္တကြီးခြင်းနဲ့ ထိတ်လန့်ခြင်းတို့ပါဝင်တာကို တွေ့ရပါတယ်။ Panic Attack နဲ့ Anxiety Attack တို့ကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ နှလုံးတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်း၊ လည်ပင်းထဲတစ်စို့ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြက်သီးထခြင်း၊ တုန်ရင်ခြင်း၊ ထုံကျင်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ဖြစ်ပါတယ်။

Panic Attack နဲ့ Anxiety Attack တို့ရဲ့လက္ခဏာတွေဟာ ဆင်တူနေတာကြောင့် ပရိသတ်တို့အနေနဲ့ ဒီရောဂါနှစ်မျိူးကို ကွဲကွဲပြားပြားသိရဖို့ ခက်ခဲကောင်းခက်ခဲမှာပါ။ ဒါပေမယ့်လည်း Anxiety ဟာ ပုံမှန်အားဖြင့်ဆိုရင် စိတ်ဖိစီးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတွေနဲ့ စပ်ဆက်နေတာဖြစ်ပြီး Panic Attack ဆိုတာကတော့ စိတ်ဖိစီးမှုတွေကြောင့် အမြဲတမ်းလိုလို ဖြစ်ပေါ်လာတာမဟုတ်ဘဲ ရံဖန်ရံခါမှ ရုတ်တရက်ဆိုသလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Anxiety ရဲ့လက္ခဏာဝိသေသနတွေက များသောအားဖြင့် ပြင်းထန်မှုမရှိတာကြောင့် လူတစ်ယောက်မှာ Anxiety ရှိနေသလား၊ မရှိဘူးလားဆိုတာကို အလွယ်တကူမသိနိုင်ပါဘူး။ ဥပမာပြောရရင် လူတစ်ယောက်ဟာ စိတ်ရဲ့အတွင်းပိုင်းမှာတော့ စိုးရိမ်ပူပန်မှုတွေများပြားနေပေမယ့်လည်း နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ ပုံမှန်လုပ်ကိုင်နေနိုင်ပါတယ်။ Panic Attack ရဲ့လက္ခဏာတွေကတော့ Anxiety ထက်ပိုမို ပြင်းထန်လွန်းလှတာကြောင့် စိတ်အနှောင့်အယှက် သိသာစွာဖြစ်စေနိုင်သလို တစ်ခါတစ်လေ ခန္ဓာကိုယ်ပိုင်းမှာလည်း ပြင်းထန်တဲ့ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Panic Attack နဲ့ Anxiety တို့ဟာဆိုရင် လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုများပြားခြင်း၊ ကားမောင်းခြင်း၊ လူမှုရေးပြဿနာများရှိခြင်း၊ ဆေးလိပ် (သို့မဟုတ်) အရက်ဖြတ်တောက်ခြင်း၊ ကဖင်းဓာတ်သောက်သုံးမှုလွန်ကဲခြင်း၊ ဆေးဝါးသုံးစွဲမှုများပြားခြင်း၊ သိုင်းရွိက်မှာ ပြဿနာရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာတတ်ပြီး ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုတော့ စိတ်ရောဂါကု ကုထုံးများနှင့် ကုသခြင်း၊ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး တရားထိုင်ခြင်း၊ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းတို့နဲ့ ကုသမှုခံယူနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေဟာ အချိန်ကြာလာလေလေ အန္တရာယ်ရှိလာလေလေဖြစ်တဲ့အတွက် မိမိကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်တွေထဲမှာ Anxiety လက္ခဏာတွေကို ခံစားနေရတာသိရှိပြီဆိုတာနဲ့ လျစ်လျူမရှုထားသင့်ဘဲ ကုသမှုတွေသေချာခံယူဖို့ အကြံဉာဏ်ပေးသင့်၊ ကူညီပေးသင့်ပါတယ်။

MI Radio ရဲ့ ပရိသတ်တွေအားလုံးလည်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲကင်းပြီး ကျန်းမာပျော်ရွှ့င်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.