YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 6, 2023

Allergy

Allergy (အလာဂျီ)ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ချိုယွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ဓါတ်မတည့်မှု အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ ခန္ဓာကိုယ်က ချက်ချင်းတုန့်ပြန် လိုက်တဲ့အခါ အလာဂျီဆိုတဲ့အရာ ဖြစ်လာတာပါ။ အလာဂျီဖြစ်စဥ်က အလွန်မြန်ပေမယ့် ရှောင်ရှားလို့ လည်းရပါတယ်။ အများစုက ကိုယ့်မှာ အလာဂျီရှိမှန်းမသိကြဘဲ ကိုယ်တိုင်ကြုံ တွေ့လိုက်ပြီးမှသာ မတည့်ဘူး ဆိုပြီး မှတ်ထားလိုက်ကြတာမျိုး ဖြစ်ပါတယ်။ အလာဂျီဖြစ်စေနိုင်တဲ့အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ပရိသတ်ကြီးတို့ရေ…

၁။ ပန်း၀တ်မှုန်

ပန်း၀တ်မှုန်တွေနဲ့ မတည့်တဲ့သူတွေက ပန်းဝတ်မှုန်တွေကိုရှူရှိုက်မိတဲ့အခါမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ယားယံခြင်း၊ မျက်စိနီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

၂။ တိရစ္ဆာန်အမွေးအမျှင်

အချို့တွေက အိမ်မွေးတိရစ္ဆာန်လေးတွေ အနားတောင်ကပ်လို့ မရကြပါဘူး။ သူတို့တွေဆီကထွက်တဲ့အမှုန်တွေ၊ အမွှေးတွေက နှာချေတာ၊ လည်ချောင်းယားတာ၊ အရေပြားယားယံတာ စတာတွေ ဖြစ်စေတတ်ပါတယ်။

၃။ မှို

စိုထိုင်းတဲ့ နေရာတွေမှာ ပေါက်လေ့ရှိတဲ့ မှိုတွေကို ထိမိ၊ ရှူမိတာနဲ့ ယားယံတာ တွေ ဖြစ်တတ်ပါတယ်။

၄။ အစားအသောက်

အားလုံးသိတဲ့အတိုင်း များသောအားဖြင့် မြေပဲ ၊ နို့ထွက်ပစ္စည်း၊ ပင်လယ်စာ၊ အစေ့အဆံ၊ ဂျုံစတာတွေနဲ့ မတည့်တဲ့သူတွေအတွက် အဆိုပါအစားအသောက်တွေကို စားမိပြီဆိုတာနဲ့ အင်ပြင်ထခြင်း၊ ၀မ်းလျှောခြင်း၊ အော့အန်ခြင်း၊ လည်ပင်းနဲ့ ပါးစပ်နားတဝိုက် ရောင်ရမ်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

၅။ ဆေးဝါ

အများစုကတော့ ပန်နီဆလင်၊ အက်စ်ပရင်၊ ဆာလ်ဖာ စတဲ့ ဓါတ်တွေ ပါ၀င်ပြုလုပ်ထားတဲ့ ဆေးတွေနဲ့ မတည့်ကြတာဖြစ်ပါတယ်။ သောက်မိတာနဲ့ အရေပြားယားယံခြင်း၊ နီမြန်းခြင်း၊ မျက်နှာဖောရောင်ခြင်း၊ သတိ မေ့ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရှော့ခ်ရခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ မတည့်တဲ့ ဆေးတွေ ရှိ၊ မရှိ မေးတာဟာ ဒါတွေကြောင့်ဖြစ်ပါတယ်။

၆. အင်းဆက်များ

အင်းဆက်အကောင်တမျိုးမျိုး ကိုက်ခံရပြီး နောက်ဖြစ်လာတဲ့ အလာဂျီမျိုးပါ။ အကိုက်ခံရတဲ့နေရာ ရောင်ရမ်း လာတာက စပါတယ်။ နောက်ပြီး နှလုံးခုန်မြန်ခြင်း၊ အဖျားတက်ခြင်း၊ အင်ပြင်ထွက်ခြင်း စတာတွေ ဖြစ်တတ် ပါတယ်။

အလာဂျီက အများစုအတွက်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေထိ မဆိုးပေမယ့် ရှော့ခ်ရတတ်သူ တွေကတော့ သတိထားဖို့ လိုမယ်နော်။

ကိုယ်နဲ့မတည့်တဲ့အစားအစာတွေ၊ အရာတွေ၊ ဆေးဝါးတွေက ဘာတွေလဲဆိုတာ မှတ်ထားပြီး ရှောင်ရှားပါ။

နေ့စဥ် နေ၊ထိုင်၊စား၊သောက်ပုံကို ပြောင်းလဲပါ။

လိုအပ်ပါက အလာဂျီ သက်သာစေတဲ့ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

ဒီလိုသတိပြုရှောင်ရှားနိုင်မယ်ဆိုရင် အလာဂျီလို့ခေါ်တဲ့ ဓာတ်မတည့်မှုဟာ စိုးရိမ်ရတဲ့ရောဂါမဟုတ်ဘူးလို့ ယေဘူယျအားဖြင့် သတ်မှတ်ထားလို့ရပါတယ်။ လူအတော်များများမှာ အထက်ပါအလာဂျီအမျိုးအစားတစ်ခုခု နဲ့ ဓာတ်မတည့်မှုတစ်ခုခုရှိတတ်ကြပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.