YGN 96.1 MDY 96.5 NPT 96.7

ကြောက်စိတ်မွန်ခြင်းနှင့် စိုးရိမ်ပူပန်‌‌သောကများခြင်းဆိုတာတူညီသလား???

လူအများစုမှာဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပြောပါဆိုရင် Panic လို့ခေါ်တဲ့ ကြောက်စိတ်မွှန်ခြင်းနဲ့ Anxiety ဆိုတဲ့ စိုးရိမ်ပူပန်သောကများခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှစ်မျိုုးဟာ ယျေဘူယျအားဖြင့်ဆိုရင် တူညီသယောင်ရှိတယ်ဆိုပေမယ့်လည်း လေ့လာကြည့်လိုက်တဲ့အခါမှာတော့ မတူကွဲပြားမှုတွေရှိနေတယ်ဆိုတာကို အမေရိကန်နိုင်ငံအခြေစိုက် ကျန်းမာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Healthline ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဒါကြောင့် အခုတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ Panic Attack နဲ့ Anxiety Attack တို့အကြားမှာရှိနေတဲ့ ကွဲပြားခြားမှုအကြောင်းအရာတို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Health

အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါကိုဘယ်လိုထိန်းချုပ်ကြမလဲ

Health

အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 နောက်ဆုံးရအချက်အလက်များ

Health

မိုးရာသီအတွင်း ဖြစ်ပေါ်လေ့ရှိသောရောဂါများ

ကြောက်စိတ်မွန်ခြင်းနှင့် စိုးရိမ်ပူပန်‌‌သောကများခြင်းဆိုတာတူညီသလား???

လူအများစုမှာဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပြောပါဆိုရင် Panic လို့ခေါ်တဲ့ ကြောက်စိတ်မွှန်ခြင်းနဲ့ Anxiety ဆိုတဲ့ စိုးရိမ်ပူပန်သောကများခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှစ်မျိုုးဟာ ယျေဘူယျအားဖြင့်ဆိုရင် တူညီသယောင်ရှိတယ်ဆိုပေမယ့်လည်း လေ့လာကြည့်လိုက်တဲ့အခါမှာတော့ မတူကွဲပြားမှုတွေရှိနေတယ်ဆိုတာကို အမေရိကန်နိုင်ငံအခြေစိုက် ကျန်းမာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Healthline ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဒါကြောင့် အခုတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ Panic Attack နဲ့ Anxiety Attack တို့အကြားမှာရှိနေတဲ့ ကွဲပြားခြားမှုအကြောင်းအရာတို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါကိုဘယ်လိုထိန်းချုပ်ကြမလဲ

သွေးတိုးရောဂါဆိုတာဟာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းနဲ့ ပိတ်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ သွေးတိုးရောဂါကို ခံစားနေကြရတဲ့လူအရေအတွက်ဟာဆိုရင် သန်းပေါင်း ၁၀၀၀ မျှရှိပြီး ၂၀၁၀ ခုနှစ်တုန်းကဆိုရင် ဒီရောဂါကြောင့် ကမ္ဘာ့လူဦးရေ ၁၈ ရာခိုင်နှုန်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာရှင်တွေက ဒီသွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင်မှ တင်စားခေါ်ဝေါ်ထားကြတာဖြစ်ပါတယ်။ သွေးတိုးရောဂါလို့ဆိုရာမှာ အမျိုးအစားများစွာရှိတယ်ဆိုပေမယ့် ဒီတစ်ပတ်အတွက် “Health Tips” ကဏ္ဍမှာတော့ အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါအကြောင်းနဲ့ ဒီရောဂါကို ဘယ်လိုပုံစံနဲ့ထိန်းချုပ်ကြမလဲဆိုတာကို တင်ဆက်ပေးသွားချင်ပါတယ်။

Health

3Days ago . 8min Read

အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 နောက်ဆုံးရအချက်အလက်များ

ကမ္ဘ့ာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်နဲ့ လူသားတို့ ရင်ဆိုင်တိုက်ပွဲဝင်လာခဲ့ရတာ အခုဆိုရင် (၂) နှစ်ကျော် (၃) နှစ်နီးပါး ရှိလို့နေပါပြီ။ ဒီနှစ်ကာလ အတွင်းမှာလည်း မျိုးကွဲပုံစံမျိုးစုံနဲ့ လူသားတို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိနေတဲ့ ကိုဗစ်ရောဂါဟာ အခုလပိုင်းအတွင်း မှာတော့ နောက်ထပ်ပုံစံအသစ်တစ်မျိုးနဲ့ ကူးစက်ပျံ့နှံ့လျက်ရှိနေပါတယ်။ လတ်တလောရက်ပိုင်းအတွင်းမှာဆိုရင်လည်း ကမ္ဘာပေါ်မှာသာမက မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ ပြန်လည် မြင့်တက်လာလျက်ရှိနေတာကို တွေ့ရှိလာရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ လက်ရှိကူးစက်ပျံ့နှံ့လျက်ရှိနေတဲ့ ကိုဗစ်မျိုးကွဲတွေထဲက အိုမီခရွန် BA.4 နဲ့ BA.5 နောက်ဆုံးရအချက်အလက်များကို လက်လှမ်းမီသမျှ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

မိုးရာသီအတွင်း ဖြစ်ပေါ်လေ့ရှိသောရောဂါများ

မိုးရာသီအချိန်ကာလဟာ ရောဂါပိုးမွှားတွေဖြစ်ပွားဖို့အတွက် အလွယ်ဆုံးသောရာသီဖြစ်တာကြောင့် လူအတော်များများ အလွယ်တကူဖျားနာလွယ်တဲ့ ရာသီဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာ မိုးရာသီအတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ရောဂါတွေနဲ့ အဆိုပါရောဂါများမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Health

3Days ago . 8min Read

မပေါ့ဆဘဲ ဂရုတစိုက်ရှိသင့်တဲ့ အသည်းကျန်းမာရေး

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အရေပြားပြီးရင် ဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့ အသည်းဟာဆိုရင် အရွယ်အစားပမာဏ ကြီးသလောက် သူဆောင်ရွက်ရတဲ့လုပ်ငန်းဆောင်တာတွေကလည်း များပြားလှပါတယ်။ ညာဘက်ဝမ်းဗိုက် နံရိုးအိမ်ရဲ့ အောက်မှာတည်ရှိနေတဲ့ အသည်းက အစာချေဖျက်ခြင်းနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသည်းကျန်းမာဖို့ဆိုတာဟာ အလွန်အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်ရဲ့ Healt Tips အစီအစဉ်မှာတော့ အသည်းကျန်းမာရေးနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

သရေစာစားသုံးမှုနဲ့ ကျန်းမာရေး

ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုပေမယ့်လည်း မစွန့်လွှတ်နိုင်တဲ့ အလေ့အကျင့်တွေထဲမှာ သရေစာစားသုံးမှုက ထိပ်ဆုံးကနေပါဝင်နေလျက်ရှိပါတယ်။ များပြားတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကြောင့် ကိုယ်ပိုင်အချိန်ရရှိဖို့အတွက်တောင်မှ ခက်ခဲနေတဲ့ ဒီနေ့လိုခေတ်ထဲမှာဆိုရင် လူငယ်၊ လူရွယ်တွေအများစုက တစ်နပ်စာ ဗိုက်ဖြည့်ဖို့အတွက်ကို အချိန်ကုန်ခံစဉ်းစားမနေကြတော့ဘဲ လွယ်လင့်တကူဝယ်ယူ ရရှိနိုင်တဲ့ သရေစာမုန့်တွေကိုသာ စားသုံးပြီးဗိုက်ဖြည့်တင်းလေ့ရှိနေကြတာကို တွေ့ရပါတယ်။ သရေစာလို့ဆိုရာမှာတော့ ဈေးသက်သာစွာနဲ့ လမ်းဘေးမှာရောင်းချတဲ့ မုန့်တွေ၊ စနစ်တကျထုတ်ပိုးထားပြီး စူပါမားကတ်တွေနဲ့ဈေးဆိုင်တွေမှာ ဝယ်ယူနိုင်တဲ့ ရယ်ဒီမိတ်အသင့်စားမုန့်တွေနဲ့ ကြက်ကြော်၊ ဘာဂါ၊ ပီဇာတို့လိုမျိုး Fast Food တွေအားလုံးဟာလည်း သရေစာတွေ ဖြစ်ကြပါတယ်။ အခုတစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာတော့ သရေစာ လို့ခေါ်တဲ့ အာဟာရပါဝင်မှုနည်းပါးပြီးကိုလက်စထရော များသောအစားအစာ စားသုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

ညဘက်အိပ်မပျော်တာဘာကြောင့်ဖြစ်ရတာလဲ?

သင်ဟာ ညဘက်တွေမှာ အိပ်ပျော်ဖို့ခက်ခဲပြီး အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မပျော်နိုင်ဘဲ မကြာခဏ ဆိုသလိုပြန်နိုးနေတတ်သူတစ်ယောက်ဖြစ်ပါသလား။ ဒါမှမဟုတ် အိပ်ပျော်သွားလို့ ပြန်နိုးလာတဲ့အခါတွေ ကြည်လင် လန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါသလား။ တကယ်လို့များ သင်က ဒီလိုအခြေအနေတွေကို တစ်ပတ်မှာ သုံးရက်ခန့်နဲ့ သုံးလတာမျှ ကြုံတွေ့နေရပြီဆိုရင်တော့ သင့်မှာ Insomnia လို့ခေါ်တဲ့ အိပ်မပျော်တဲ့ရောဂါရှိနေပြီလို့ သုံးသပ်နိုင်ပါတယ်။ အိပ်မပျော်တဲ့ရောဂါဟာ ကျန်းမာရေးအခြေအနေတွေကို ဆိုးရွားစေတာကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ အိပ်မပျော်တဲ့ရောဂါ Insomnia နဲ့ပတ်သက်ပြီး သိရှိလေ့လာထားသင့်တဲ့ အကြောင်းအရာ တွေကို မျှဝေတင်ဆက်ပေးသွားချင်ပါတယ်

Health

3Days ago . 8min Read

သဘာဝအတိုင်းနုပျိူလှပဖို့ နေထိုင်စားသောက်မှုပုံစံ

လူရယ်လို့ဖြစ်လာပြီဆိုရင် အချိန်ကျလာတဲ့အခါမှာ အိုရမယ်၊ နာရမယ်ဆိုပေမယ့်လည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကတော့ လူတိုင်းမဖြစ်ချင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် လူတွေရဲ့ အိုမင်းရင့်ရော်မှုကို သူ့ရဲ့မျက်နှာအသားအရည်ကိုကြည့်ပြီး ဆုံးဖြတ်ကြတယ်ဆိုပေမယ့်လည်း ဂျာမန်သုတေသန ပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုမှာတော့ အမျိုသမီးတစ်ဦးရဲ့ရင်ဘတ်၊ လက်နဲ့ လက်မောင်းတွေမှာရှိတဲ့ အသားအရည်ပုံစံတွေကနေတစ်ဆင့် သူမရဲ့အသက်အရွယ်ရင့်ရော်မှုကို သိရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်မှုကိုလျှော့ချပြီး သဘာဝအတိုင်းနုပျိုလှပတဲ့အသွင်မျိုးရရှိစေဖို့အတွက် ဘယ်လိုပုံစံမျိုးနေထိုင်စားသောက်သင့်တယ်ဆိုတာကို အခုတစ်ပတ်ရဲ့ Health Tips အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

နို့တိုက်ကလေးငယ်တွေအတွက် မှန်ကန်သောဖြည့်စွက်စာရွေးချယ်မှု

မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ရောဂါအနာဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းစေလိုကြတာက မိဘတိုင်းရဲ့ သဘာ၀ပါ။ ကလေးတစ်ယောက် ဒီလိုကျန်းကျန်းမာမာနဲ့ ကြီးပြင်းဖို့ဆိုတာကလည်း အာဟာရဓာတ် ပြည့်ပြည့်၀၀နဲ့ ကိုယ်ခံအားကောင်းနေဖို့က အရေးကြီးတာကြောင့် မိခင်တွေအနေနဲ့ ကလေးကို မွေးကင်းစအရွယ် နို့ချိုတိုက်ကျွေးတဲ့အချိန်ကတည်းက သေချာစနစ်တကျတိုက်ကျွေးဖို့လိုအပ်သလို ဖြည့်စွက်စာတွေကျွေးရမယ့် အချိန်တွေမှာလည်း အာဟာဓာတ်ပြည့်၀တဲ့အစားအစာတွေကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုတစ်ပတ်အတွက် တင်ဆက်ပေးသွားမယ့် Health Tips ကဏ္ဍမှာတော့ မိခင်တွေအနေနဲ့ နို့တိုက်အရွယ် ကလေးငယ်တွေအတွက် ဖြည့်စွက်စာကို ဘယ်လိုရွေးချယ်သင့်လဲ၊ ဘယ်အရွယ်မှာ ဘယ်လိုအစားအစာတွေကို ကျွေးသင့်သလဲဆိုတာကို မျှဝေပေးသွားချင်ပါတယ်။

Health

3Days ago . 8min Read

အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာတဲ့အသည်းကိုပိုင်ဆိုင်နိုင်မယ့်နည်းလမ်းများ

လူ့ခန္ဓာကိုယ်ရဲ့ဒုတိယမြောက်အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာဆိုရင် ဝမ်းဗိုက်ရဲ့ညာဘက်အပေါ်မှာတည်ရှိပြီး ကိုယ်ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ အစာခြေနိုင်ဖို့ သည်းခြေရည်ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရတဲ့ကိုယ်တွင်းကလီစာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့အခါမှာ သည်းခြေအိတ်၊ အစာအိမ်၊ ပန်ကရိယ၊ အူသိမ်၊ အူမကြီးအစရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ပူးပေါင်းရတာကြောင့် သင့်ရဲ့ အသည်းဟာ အဆိပ်အတောက်ကင်းစင်နေပြီး ကျန်းမာနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Health Tips မှာတော့ အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို အချိန်တို အတွင်း အမြန်ဆုံးကင်းစင်စေနိုင်မယ့်နည်းလမ်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

ကလေးငယ်တွေရဲ့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ကြမလဲ။

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ အသက်ဆုံးရှုံးနိုင်လောက်တဲ့အထိ အန္တရာယ်မများပြားဘူးဆိုပေမဲ့လည်း ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင်တော့ ဝေဒနာအလွန်ခံစားရသလို ငွေကုန်ကြေးကျလည်း များပြားတယ်ဆိုတာကို သွားပြဿနာ (သို့မဟုတ်) ခံတွင်းပြဿနာတွေခံစားရဖူးသူတိုင်း နားလည်သိရှိပြီးဖြစ်မှာပါ။ ဒီလိုပြဿနာတွေ မကြုံတွေ့ရဖို့ အတွက်ကတော့ ငယ်စဉ်အရွယ်ကတည်းက သွားနဲ့ ခံတွင်းနဲ့ပတ်သက်လို့ အလေ့အကျင့်တွေကို ပြုလုပ်ထားသင့်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးငယ်တွေရဲ့ သွားနဲ့ခံတွင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးအကြောင်းအရာတွေကို သိရှိထားသင့်သလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကလေးတွေရဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်ပေးသင့်လဲဆိုတာကို ဒီတစ်ပတ် အတွက် Health Tips အစီအစဉ်ကနေဖော်ပြပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအသောက်မူမမှန်မှုရောဂါ 

Eating Disorders လို့ခေါ်တဲ့ အစားအသောက်မူမမှန်မှုရောဂါဟာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်များတယ်ဆိုတာကို သင်သိပါသလား။ တချို့တွေကတော့ ဒီရောဂါကို နာမည်ကြည့်ပြီး အစားအသောက်ပုံစံမမှန်ကန်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်တဲ့ရောဂါလို့ ထင်ကောင်းထင်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ Eating Disorders ဆိုတာက ခန္ဓာကိုယ် အလေးချိန်နဲ့ပတ်သက်လို့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေများပြားရာကနေ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး သေချာမကုသဘဲ ပေါ့ပေါ့လျော့လျော့နေမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်များတဲ့ရောဂါတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ အစားအသောက်မူမမှန်မှုရောဂါ (Eating Disorders) နဲ့ပတ်သက်လို့ သိရှိထားသင့်တဲ့ဗဟုသုတတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

ဖြည့်စွက်အားဆေးတွေက ခန္ဓာကိုယ်အတွက် တကယ်သက်ရောက်မှုရှိသလား။

ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေ ကြွယ်၀လာတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ လူတွေအများစုကလည်း သူတို့ရဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ဖို့ ဖြည့်စွက်အားဆေးမျိုးစုံကို သုံးစွဲမှီဝဲနေကြပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း စျေးကွက်စီးပွားရေးကို အကွက်မြင်တတ်ကြတဲ့သူတွေက ဖြည့်စွက်အားဆေးတွေကို အနံ့အရသာအမျိုးမျိုးနဲ့သာမက အသွင်ပုံစံမျိုးစုံနဲ့ပါထုတ်လုပ်ရောင်းချနေကြလျက်ရှိပြီး စစ်တမ်းကောက်ယူမှုတွေအရဆိုရင် ကမ္ဘာလုံးဆိုင်ရာဖြည့်စွက်အားဆေးနဲ့ အစားအသောက်လုပ်ငန်းကြီးတစ်ခုလုံးရဲ့ တန်ဖိုးက ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံရှိတယ်လို့ သိရပါတယ်။ သုတေသီတွေရဲ့ ရှာဖွေမှုတွေအရကတော့ အမေရိကန်နိုင်ငံအတွင်းမှာတင် အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြည့်စွက်အားဆေးသောက်သုံးကြတဲ့ လူပမာဏဟာ နိုင်ငံ့လူဦးရေရဲ့ထက်ဝက်ခန့်ရှိနေတယ်လို့ ဆိုပါတယ်။

Health

3Days ago . 8min Read

ဒစ်ဂျစ်တယ်ပစ္စည်းများ နှင့် မျက်စိကျန်းမာရေး

ခေတ်မှီနည်းပညာတွေဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီနေ့လိုခေတ်အချိန်အခါမျိုးမှာ လူသားတွေအတွက် ထိတွေ့မှု အများဆုံးသောအရာကတော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ပစ္စည်းလို့ဆိုရာမှတော့ ခေတ်မှီပြီး ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့စက်ပစ္စည်းတွေအားလုံးပါဝင်ပြီး အဲဒီထဲကမှ လူတွေနဲ့ နေ့တဓူ၀ အမြဲတမ်းလိုလိုအတူရှိနေတဲ့အရာတွေကတော့ ဖုန်း၊ ကွန်ပြူတာ၊ တီဗွီအစရှိတဲ့ ဖျော်ဖြေရေးနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းတွေဖြစ်တာကို တွေ့ရပါတယ်။ ဒီလိုမျိုးဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ တီဗွီတွေကို တစ်နေ့တာလုံးနီးပါး  အသုံးပြုရတဲ့သူတွေမှာဆိုရင် တခြားသူတွေထက် မျက်စိကျန်းမာရေးပြဿနာကို ပိုမိုတွေ့ကြုံရနိုင်ချေများတာ ကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ “ဒစ်ဂျစ်တယ်ပစ္စည်းများနှင့်မျက်စိကျန်းမာရေး” အကြောင်းကို ဆွေးနွေးတင်ဆက်ပေးသွားချင်ပါတယ်။

Health

3Days ago . 8min Read

Bubble Tea & Health for Youth

၂၀၁၀ ခုနှစ် နောက်ပိုင်းလောက်စတင်ပြီး ဒီနေ့အချိန်အထိ လူငယ်၊ လူရွယ်တွေအကြားမှာ လူကြိုက်များခေတ်စားနေတဲ့ အစားအသောက်တစ်မျိုးကတော့ Bubble Tea ပဲဖြစ်ပါတယ်။ Bubble Tea ဆိုင်တွေဆိုတာဟာလည်း Shopping Mall တွေမှာသာမက ရပ်ကွက်တွေထဲမှာ ဖွင့်လှစ်နေလျှက်ရှိကာ ကမ္ဘာတစ်ဝှမ်းမှာဆိုရင် Bubble Tea ရောင်းချတဲ့ဆိုင်တွေဆိုတာ လက်ညှိုးထိုးမလွဲလောက်အောင် ပေါများလွန်းလှပါတယ်။ ဒါကြောင့်လည်း Bubble Tea ကို Milk Tea, Peral Tea, Tapioca Tea, Boba Tea ဆိုပြီး အစရှိသဖြင့် နာမည်မျိုးစုံသတ်မှတ်ခေါ်ဝေါ်ထားကြတာဖြစ်ပါတယ်။

Health

3Days ago . 8min Read

အမျိုးသမီးတိုင်းမပေါ့ဆသင့်တဲ့ ရင်သားကင်ဆာအကြောင်းသိကောင်းစရာ

ရင်သားကင်ဆာဟာဆိုရင် ကမ္ဘာပေါ်မှာ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဖြစ်ပွားလေ့ရှိတဲ့ရောဂါမျိုးဖြစ်ပြီး အဖြစ်များဆုံးကင်ဆာမျိုးဖြစ်တယ်လို့ပြောရမယ်ဆိုလည်း မမှားပါဘူး။ ရင်သားကင်ဆာဆိုတာမျိုးက တစ်ခါတစ်လေမှာ ရောဂါလက္ခဏာတွေ စောစီးစွာပြသလေ့မရှိသလို နာကျင်မှုလည်းမရှိတာကြောင့် အမျိုးသမီးတွေအနေနဲ့ စောစောစီးစီးသိရှိအောင် ပုံမှန်စစ်ဆေးဖို့အတွက် အရေးကြီးပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာ စိတ်အချရဆုံးကတော့ ရင်သားဓာတ်မှန်ရိုက်ခြင်းပါပဲ။ အမေရိကန်နိုင်ငံမှ Cancer Society ရဲ့ လမ်းညွှန်ချက်အရဆိုရင် အမျိုးသမီးတွေဟာ အသက် ၄၀ အရွယ်ကစတင်ပြီး ၁ နှစ် ၁ ကြိမ် (သို့မဟုတ်) ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ တကယ်လို့ ဒီလိုမစစ်ဆေးဖြစ်ဘူး ဆိုရင်လည်း အိမ်ထောင်သည်ဖြစ်စေ၊ အပျိုဖြစ်စေ ရင်သားမှာ အကျိတ်တွေ၊ အဖုတွေ၊ အလုံးတွေ ရှိ၊ မရှိတာကို မိမိကိုယ်တိုင်လက်နဲ့ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

Health

3Days ago . 8min Read

Angina (သို့မဟုတ်) နှလုံးသွေးကြောကျဉ်းမှုကြောင့်ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ

Angina (သို့မဟုတ်) ရင်ဘတ်အောင့်ခြင်းဆိုတာကတော့ နှလုံးသွေးကြောတွေကျဉ်းမြောင်းတာကြောင့် နှလုံးကြွက်သားဆီကို သွေး၊ အောက်ဆီဂျင်နဲ့ ဂလူးကို့စ်တို့ အလုံအလောက်မရောက်ရှိတော့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီဝေဒနာဟာ အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူးဆိုပေမယ့်လည်း နှလုံးလေဟပ်ခြင်း (သို့မဟုတ်) ရုတ်တရက် နှလုံးရပ်တန့်ခြင်းတို့ကိုဖြစ်စေနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုပြင်းထန်စွာပြုလုပ်တဲ့အချိန်၊ စိတ်ခံစားမှုပြင်းထန်တဲ့အချိန်တွေနဲ့ စိတ်လှုပ်ရှားမှုအမြင့်ဆုံး ဖြစ်နေတဲ့အချိန်တွေမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲပြီး စနစ်တကျနဲ့ဆေးကုသမှုခံယူမယ်ဆိုရင်တော့ ဝေဒနာကိုသက်သာစေနိုင်ပြီး အကျိူးဆက်‌ဖြစ်ပေါ်နှုန်းကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

Travel

3Days ago . 8min Read

ကိုယ်ဝန်ဆောင်ကာလကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့နည်းလမ်းများ

အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်ကာလကိုတော့ တစ်သက်မှာ တစ်ခါ အနည်းဆုံးဖြတ်သန်းကြရတာ သဘာ၀ပဲဖြစ်ပါတယ်။ ဒီကာလဟာလည်း အမျိုးသမီးတွေတိုင်းအတွက် အလှပဆုံးသော အခိုက်အတန့်ကာလတွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များပြားခြင်းတို့လည်း ဒီလိုအချိန်မျိုးမှာဖြစ်ပေါ်ခံစားကြရတာများပါတယ်။ ထို့အတွက်ကြောင့် ကိုယ်ဝန်ဆောင် ကာလမှာ မိခင်လောင်းတွေအနေနဲ့က စိတ်ပျော်ရွှင်ကျန်းမာနေဖို့ အရေးကြီးဆုံးပါပဲ။ ဒီတစ်ပတ်Health Tips ကဏ္ဍမှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းဖို့ ဘယ်လိုနည်းလမ်းမျိုးတွေကို လိုက်နာကျင့်သုံးသင့်လဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

ယောဂဆော့ကစားခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ယောဂ (Yoga) ဆိုတဲ့ စကားလုံးကိုတော့ ဒီနေ့ခေတ်ကာလရဲ့လူတိုင်းနီးပါး ရင်းနှီးကျွမ်းဝင်ကြပြီးဖြစ်မှာပါ။ ဒါပေမဲ့လည်း ယောဂ ဆော့ကစားခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုူးကျေးဇူးတွေ၊ ယောဂနဲ့ပတ်သက်တဲ့ တခြားသောအကြောင်းအရာ တွေကို လေ့လာသိရှိကြတဲ့သူတွေကတော့ ရာခိုင်နှုန်းအနည်းငယ်မျှသာရှိပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် “Health Tips” အစီအစဉ်မှာ ယောဂဆော့ကစားခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ကိုတင်ဆက်ပေးဖို့အတွက် ရွေးချယ်ပေးထားပါတယ်။

Health

3Days ago . 8min Read

မျက်မြှေးရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာ

Pink Eye လို့လည်းသတ်မှတ်ခေါ်ဝေါ်ကြတဲ့ မျက်မြှေးရောင်ရမ်းခြင်းဟာဆိုရင် မျက်စိနဲ့ပတ်သက်တဲ့ ရောဂါတွေထဲမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါပြဿနာတစ်မျိုးဖြစ်ပါတယ်။ မျက်မြှေးရောင်ရမ်းခြင်း ဆိုတာကတော့ မျက်စိရဲ့အဖြူရောင် အစိတ်အပိုင်းနေရာတွေမှာ အနီရောင် (သို့မဟုတ်) ပန်းရောင်တွေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီလက္ခဏာတစ်ရပ်ဟာဆိုရင် မျက်လုံးရဲ့အတွင်းအစိတ်အပိုင်းတွေကို ကာကွယ်ပေး တဲ့ အလွှာတွေမှာ ပိုးဝင်ခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်းတွေ ဖြစ်နေပြီဆိုတာကို သိရှိစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ မျက်မြှေးရောင်ရမ်းခြင်းက အသက်အရွယ်နဲ့ ကျား၊ မ မရွေး ဖြစ်နိုင်သလို မျက်မှန်တပ်တဲ့သူတွေမှာရော၊ မျက်မှန်မတပ်တဲ့သူတွေမှာပါ အဖြစ်များတဲ့မျက်စိပြဿနာတစ်မျိုးဖြစ်ပြီး အမျိုးသမီးမှာတော့ ပိုမိုအဖြစ်များလေ့ရှိတာကိုတွေ့ရပါတယ်။ မျက်မြှေးရောင်ရမ်းခြင်းနဲ့ပတ်သက်ပြီး ပရိသတ်တို့အနေနဲ့ သိရှိထားသင့်တဲ့ မှတ်သားစရာဗဟုသုတတွေကို Health Tips အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

အသည်းအဆီဖုံးခြင်းကိုလျှော့ချပေးနိုင်မယ့် အစားအသောက်များ

အသည်းအဆီဖုံးခြင်းဟာဆိုရင် မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှလူသန်းပေါင်းများစွာမှာပါ အဖြစ်များလျက်ရှိတဲ့ အသည်းရောဂါ တစ်မျိုးဖြစ်ပါတယ်။ အသည်းအဆီဖုံးခြင်းဆိုတာကတော့ အသည်းမှာ အဆီတွေစုပုံလာရာကနေဖြစ်ပေါ်လာတာကြောင့်ခေါ်ဆိုခြင်းဖြစ်ပြီး အသည်းရဲ့အလေးချိန်ထဲက ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိဟာ အဆီတွေကြောင့်ဖြစ်နေပြီဆိုပါက ဒီလိုအခြေအနေမျိုးကို အသည်းအဆီဖုံးနေပြီလို့ သတ်မှတ်နိုင်ပါတယ်။ အခုတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ အသည်းအဆီဖုံးခြင်းနဲ့ပတ်သက်လို့ ပရိသတ်ကြီးတို့သိရှိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတအကြောင်းအရာတွေနဲ့ အသည်းအဆီဖုံးခြင်းကို လျှော့ချနိုင်ဖို့အတွက် ဘယ်လိုမျိုးအစားအသောက်တွေကို ရွေးချယ်စားသုံးပေးသင့်ဆိုတာ စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

အိပ်မက်မက်ခြင်းက ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရရှိစေနိုင်သလား။

လူတိုင်းလူတိုင်း အိပ်စက်တဲ့အချိန်မှာ အိပ်မက်တွေမက်ဖူးကြမှာပါ။ လူတွေအများစုကတော့ အိပ်စက်တဲ့အခါမှာ အိပ်မက်တွေမက်ရင် အိပ်ရေး၀တယ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေလေ့လာမှု အသစ်တွေမှာ ဆိုရင်လည်း အိပ်မက်မက်ခြင်းက ဆုံးဖြတ်ချက်ကောင်းတွေချတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိထားကြ ပါတယ်။ ဒါဆို အိပ်မက်မက်ခြင်းနဲ့ပတ်သက်လို့ ပရိသတ်တို့အနေနဲ့ သိရှိထားသင့်တဲ့ ဗဟုသုတအကြောင်းအရာတွေကို MI Radio ရဲ့ “Health Tips” အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

အချိုမှုန့်စားသုံးခြင်းက တကယ်ပဲအန္တရာယ်ရှိသလား။

သင် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါဝင်နေတဲ့ အချိုမှုန့် (ခေါ်) ဟင်းခတ်မှုန့်အကြောင်းနဲ့ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လောက်အထိ လေ့လာထားမိပါသလဲ။ အချိုမှုန့်စားသုံးခြင်းဟာ‌ လူတွေပြောကြသလိုမျိုး တကယ်ပဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနိုင်သလား။ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနရလဒ်တွေမှာရော ဘယ်လိုဖော်ပြထားသလဲဆိုတာကိုတော့ ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Health

3Days ago . 8min Read

ရှားစောင်းလက်ပပ်ကို ဘယ်လိုနေရာတွေမှာအသုံးပြုလို့ရသလဲ။

အပူပိုင်းဒေသတွေမှာရှင်သန်ပေါက်ရောက်တဲ့ ရှားစောင်းလက်ပပ်ဟာဆိုရင် အသားအရည်အတွက်သာမက ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း အလွန်အကျိုးကျေးဇူးများပြားတဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်တယ်ဆိုတာကို စာဖတ် ပရိသတ်တွေအနေနဲ့ သိရှိနားလည်ထားမှာပါ။ ရှားစောင်းလက်ပပ်ကိုအသုံးပြုနည်းများစွာရှိတဲ့ထဲက ဒီကနေ့မှာတော့ ရှားစောင်းလက်ပပ်ကို ဘယ်လိုမျိုးအရေပြား ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာအသုံးပြုနိုင်သလဲဆိုတာ နဲ့ ရှားစောင်းလက်ပပ်အပင်နဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက်လေးတွေကို ပရိသတ်ကြီးများကိုပြောပြ ပေးသွားမှာဖြစ်ပါတယ်။

Health

3Days ago . 8min Read

Allergy

Allergy (အလာဂျီ)ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ချိုယွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ဓါတ်မတည့်မှု အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ ခန္ဓာကိုယ်က ချက်ချင်းတုန့်ပြန် လိုက်တဲ့အခါ အလာဂျီဆိုတဲ့အရာ ဖြစ်လာတာပါ။ အလာဂျီဖြစ်စဥ်က အလွန်မြန်ပေမယ့် ရှောင်ရှားလို့ လည်းရပါတယ်။

Health

3Days ago . 8min Read

ADS